Tuesday, August 21, 2012

မိုးသည်းထဲက..အဖြေ..


                   မိုးသည်းသည်းမဲမဲရွာနေချိန်...။
ကျနော်တစ်ယောက်ထဲအလွမ်းတပွေ့တပိုက်နဲ့ခပ်ငိုက်ငိုက်လမ်းလျျှောက်နေမိတယ်။ကျနော့်ရဲ့အတွင်း စိတ္က ပူလောင်မှုတွေဖိတ်စင်လွင့်ထွက်သွာမလားလို့မျှော်လင့်ရင်းနဲ့ပေါ့။ ဒါပေမယ့်...ကျနော် ရလိုက် တဲ့ အသိတစ္ခုက.....။
                   ကျနော်ကိုယ်တိုင် မသိလိုက်ပဲ အလွမ်းသမားတစ်ယောက်အဖြစ် ပတ်၀န်းကျင်က သတိပြုမိလာခဲ့တယ်ထင် ပါရဲ့။ သူတို့မျက်နှာတွေမှာအပြစ်တင်ချင်တဲ့ အရိပ်အယောင်တွေကိုကျနော် ဖတ်မိခဲ့ရ ။ ကျနော် ဂရုမစိုက်ဖြစ်ခဲ့ပါ ။ ရူးုသွပ်နေကြသူချင်းအတူတူသူတို့က တမူးသာ ချင်နေကြတယ်ထင်ရဲ့ ။တကယ့်ရင်တွုင်းကအဖြစ်ကိုမသိသူတွေပြောချင်ရာပြော။ ကျနော်သဘောကောင်းပြခဲ့မိ။ကျနော့် အလွမ်းကိုမဖျက်ဆီးမချင်းရန်သူလို့မသတ်မှတ်နိုင်ပါ။ တကယ်ဆို...ကျနော်ဟာသားပိုက်ကောင် တစ်ကောင်လိုပဲ၊ အလွမ်းတွေလွယ်ပိုးလို့ မိုးရေထဲမှာလမ်းလျှောက်နေခဲ့တယ်။
                       (တစ်လိမ့်ချင်း ..တစ်စက်ချင်း ..ကြွေဆင်းနေတဲ့မိုးရေထဲမှာ ထီးမပါပဲ ဘယ်နှခါလောက်
လမ်းလျှောက်ဖူးပါသလဲ..မိတ်ဆွေ..) ပတ်၀န်းကျင် ကထင်ကောင်းထင်လိမ့်မယ်၊ငယ်ငယ်ရွယ်ရွယ်နဲ့သေချင်နေပြီလို့။မဟုတ်ရပါ ။ သူတို့အထင်လွဲမှားကြောင်း ကျနော့်ရဲ့ အဖြေုကိုဖတ်ပြီးမှ မှတ်ချက်ချလိုက်ကြပါတော့...။
           လူတိုင်းမှာ အကျင့်လေးတွေရှိတတ်ကြတာ အားလုံးအသိ ။ အဲဒီထဲမွာမွ ထူးထူးခြားခြားနဲ့ ကျနော်ကအလွမ်းကို လွမ်းပြီးရင်းလွမး်နေတတ်ခဲ့သူ ။ မလွမ်းရရင်မနေနိုင်လောက်အောင်လွမ်းခဲ့မိပေါ့ ။ အလွမ်းကိုခဏ ခဏ လွမ်းရင်း အလွမ်းကိုချစ်တတ်လာခဲ့ ။ လွမ်းရမှာကြောက်တတ်သူတွေထဲမှာ ကျနော်မပါ၀င်ခဲ့ဘူး။ (ဆွေးဆွေးမြေ့မြ့လေးကြေကွဲရင်းအလွမ်းတွေနင့်နေတဲ့ရင်ဘတ်ကြီးနဲ့ မိုးရေထဲမှာ..မိုးရေနဲ့ရောပြီးငိုချလိုက်ရတာ ..
ဘယ်လောက်ကောင်းလဲ...။ ကိုယ်တွေ့ခံစားဖူးသူတွေသိမှာပါ ။မိုးစက်တွေရဲ့ အကူအညီနဲ့ ပတ်၀န်းကျင်က ကျနော့်မျက်
ရည်တွေကိုမမြင်ခဲ့ရဘုူူး။ ဟန်ကျလိုက်တဲ့ ဖြစ်ခြင်း..။ကျနော်ငိုချင်တိုင်းမိုးရွာဖို့ဆုတောင်းတတ်ခဲ့တာ အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီလေ။
              သည်းသည်းမဲမဲ မိုးထဲမှာ အားရပါးရ ..ငို..ကျနော်တစ်ယောက်ထဲ လဲပြိုလို့ ။မိုးနဲ့ပြိုင်ပြီး အသံ၀င်တဲ့အထိ သီချျင်းတွေအော်ဆို
ရင်း ..။ အလွမ်းတွေစုထားတဲ့ရင်ဘတ်ကြီးကို မိုးအစို ခံထားမိတယ် ။ရင်ဘတ်ထဲကအလွမ်းတွေသွေ့ခြောက်သွားမှာစိုးရွံ့မိလို့ပါ ..။
              အလွမ်းတွေမရှိရင်..ကျနော်လဲ မရှိချင်ပါ ။ကျနော့်ရဲ့ ဘ၀လ ဲ အဓိပ္ပါယ်ကင်းမဲ့သွားမှာသေချာတယ်။
              မိုးပြိုမှာကြောက်ပြီး ခြေထောက်နှစ်ချောင်းမိုးပေါ်ထောင်အိပ်တတ်တဲ့တစ်တီတူးငှက်လို ဖြစ်နေပြီလား.. .မသိ ။၀င်သက်ထွက်သက်တိုင်းဟာ အလွမ်းရဲ့ အငွေ့အသက်တွေနဲ့ဆက်နွယ်ရင်းုဖြစ်ထွန်းခဲ့ ။
               လွမ်းတတ်တာ အျပစ္လား ...
                သူငယ်ချင်းတွေကတော့ အဖြေ မေပးခဲ့ ။ကျနော်ကိုယ်တိုင်ကလဲ မလိုချင်ခဲ့ပါ ။
လွမ်းတတ်လို့ အပြစ်သင့်မယ်ဆို..အလွမ််းတွေထုပ်ပိုးလို့ မလွမ်းတတ်သူ..မလွမ်းဘူး သူတွေနဲ့ ေ၀းရာထွက်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့
ပေါ့။ လောလောဆယ်တော့...မိုးရွာထဲမှာ လမ်းလျှောက်လို့..ကောင်းနေဆဲ...။
 မေသေသာ..အလွမ်း တွေစိမ်းလန်းနေစေဖို့ ရင်ဘတ်ကြီးကို မိုးရေစိမ်မိနေဆဲ...။
 အလွမ်းတွေခြောက်ခမ်းသွားရင် ကျနော်ရဲ့ အလွမ်းပြဇာတ်လဲ တစ်ခန်းရပ်သွားမယ်ဆိုတာ...
ကျနော့်ကိုယ်တွေ့..ကျနော် ရလိုက်တဲ့ အသိတစ္ခုပါပဲ..လို့ အသံတိတ်ဖြေမိနေဆဲပါပဲလေ..။

ရတုသစ်

(21/8/2012---9:10PM Tuesday)

1 comment:

Unknown said...

;) မိုးရေထဲမှာလမ်းလျှောက်ရတာ ကျွန်တော်လည်းကြိုက်၏

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks