ထုဆစ်ခံထားရတဲ့..ဘ၀က..ခါးသီးစရာ..
မာယာမပါတဲ့ အလွမ်းတွေထိုးသိပ်လို့
ခပ်တိတ်တိတ်ကြေကွဲရင်း..
ငို ပွဲနွှဲနေတဲ့ ငိုချင်းသည် တစ်ယောက်အတွက်
ရက်စက်ခြင်းတွေပဲပေးလာခဲ့
အမှတ်တမဲ့တိုင်းကိုတောင် အမှတ်တရဖြစ်လွန်းသူက
ရင်ပူနေရတာ မဆန်းတော့ပါဘူးကွယ်...။
* နှလုံးသားဗလာနဲ့..ရင်ခွင်
အမုန်းတရားပါတဲ့..ရင်ခွင်
မတွေ့မြင်ရပါလို..တောင်းဆုဆိုခဲ့မိ..
အဆိပ်မရှိတဲ့..နှလုံးသွေးနဲ့..တိုင်တည်ကြည့်ခဲ့တယ်...။
* ဆုတောင်းတိုင်းမပြည့်တတ်တဲ့ လောကသဘောက
တို့တွေရဲ့နောက်ကျောမှာ..လွယ်ပိုးပြီးသား
တရားမမြင်တတ်သေးတဲ့ အသိစိတ်ကိုပဲ အားမလိုအားမရဖြစ်မိပါရဲ့..။
* ပြိုလဲချင်တဲ့..အလွမ်း
ငိုပွဲ၀င်တဲ့..အလွမ်းနဲ့
စမ်းတဝါးဝါးလောကအလယ်မှာ..လည်ပတ်ရင်း
အတိတ်တွေကို..အသက်ပြန်သွင်းနေတတ်သူ...
* ပြုစားထားသမျှ..အတိတ်
ကုစားမရတဲ့..စိတ်ကို
ကြိတ်မှိတ်ဖြေသိမ့်ဆဲ
အသဲပိုလေးတစ်ခုလောက် လိုချင်နေမိသူ...
* လွမ်းစိတ်ဖြေတဲ့..နှလုံး
နွမ်းရိပ်ဝေတဲ့..အပြုံး အတွက်
အိပ်မက်ကဗျာ တစ်ပိုဒ် ရွတ်မိသွား
ခံစားချက်တူသူတစ်ယောက်ကိုရှာနေမိခဲ့သူ...
* ဒီလူ..ဒီအလွမ်း နဲ့
ဒီအပန်းတွေ မပြေသေးသရွေ့..
တငွေ့ငွေ့ ..တလိပ်လိပ် တက်
ဟိုး.......မိုးထက်၀ဠာ ဆီကနေ
တိမ်တွေ ငိုနေကြပြန်ပြီကွယ်...။
ရတုသစ်
(23 /8 /2012 ) 8:50 pm ..thursday
No comments:
Post a Comment