အလွမ်းတွေနဲ့မှေးစက်တာပဲကောင်းမယ်......
ငါ့ကိုယ်ငါ.....လူမှဟုတ်ရဲ့လားတွေးးးးးးးးးးးရင်းတွေးးးး
တရေးနိုးမှာကိုတောင် စိုးကြောက်တတ်အောင်...
နင်ပေးသွားတဲ့ ဒဏ်ရာတွေက..........
ငါ့ရင်မှာ...........
လတ်လတ်ဆတ်ဆတ်ကြီးကို..ရှိသေးတာပေါ့..
မဟုတ်တာတွေ...ဟုတ်အောင်ပြောတတ်လွန်းတဲ့နှုတ်ခမ်းပါးကိုပြင်စမ်း
ငါကပဲရူးနမ်းလွန်းတာလား....
သဘာ၀ကိုငါသိတယ်..နင့်ကိုငါ...နင့်ကိုငါ....
ချစ်ခဲ့တာက အလွမ်းနဲ့မကာမိ..
နင့်အဆိပ်မိသွားတဲ့....ငါ့ နားတွေက ဗင့်ဆင့်ဗန်ဂိုးကို အားကျလိုက်ပေါ့...
မိုင်း/ဘုန်း...တွေလား...ငါကလဲပေါက်ထွက်ချင်နေတုန်း...
အတုံးအရုန်းနဲ့ပြိုလဲနေတဲ့..
စိတ်ဓာတ်တွေက...ဆောက်တည်ရာမဲ့.........
နင့် ရဲ့..အရှက်မဲ့ နှုတ်ခမ်းပါးတွေကြောင့်..ငါ...
ပြိလဲကျ မတတ်ပါပဲ......
ရိုက်ချိုးတာထက်....သတ်လိုက်တာပိုမိုက်မယ်....
ငါ့ရင်ကိုငါ......သနားပေးလိုက်ရမလား.....
နင့် နှုတ်ခမ်းပါးကြောင့်..
အသက်ငင်နေတဲ့...ရင်ဘတ်က..
ငါ့ကိုပြန်ပြီး.. ဆန္ဒပြလာတယ်..
အကြောင်းပြချက်မရှိပဲ..သေဆုံးအောင်...
နင်မို့ ရက်စက်ရက်တယ်ဟာ...
လူတကာကိုနိုင်ဖို့..ငါ့အချစ်တွေနင်ခုတုံးတစ်ခုလိုသုံး.....
နှမျောလိုက်တာ.....
တန္ဖိုးတစ္ခုကို....ထွီ ကနဲထွေးထုတ်.....
အရုပ်ကြိုးပြတ်ပုံလဲနေပေမယ့်...
ငါ့ ရင်ကို ငါပြန်ထူရင်း............
မနက်ဖြန်မိုးလင်းရင်...နင်တွေ့ရပါလိမ့်မယ်..
ငါ့ရဲ့..ကဗျာတွေနဲ့ကာထားတဲ့..ရင်ဘတ်ကြီးကို..။
ဒါပေမဲ့......
အခုလောလောဆယ်..ငါ့ကိုယ်ငါ..
လူမှဟုတ်ရဲ့လား တွေး..ရင်းနဲ့...
အလွမ်းတွေနဲ့ မှေးစက်လိုက်ဦးမယ်...။
ရတုသစ်+ မာန်ခ
1 comment:
ဝါးးးးးးးးေတာ္လိုက္တာ
Post a Comment