Monday, September 17, 2012

နှလုံးသားတည့်တည့်ကိုချိန်ပစ်ပါ


စိတ်ရဲ့ပြတင်းတံခါးတွေက တစ်ဆင့်
ငါ့ အချစ်ကို လွှင့်လိုက်ရတာ..
မင်းရဲ့နှလုံးသားဆီ..တည့်တည့်..။

တုံ့ပြန်မှုအဖြစ်..
မင်းရဲ့အပြုံးလေးကို ဖွင့်လှစ်ခဲ့ပေါ့..။

ရင်နင့်ရမယ်ဆိုရင်..
အလွမ်းကို တောက်ခေါက်ပြီး နှင်ထုတ်ပစ်မယ်..။

အခုတော့
မင်းကို ငါက ငင်သလို
မင်းကလဲ ငါ့က်ို ရစ်နှောင်ခဲ့
ခမ်းနားတဲ့ သံယောဇဉ်တွေ လက်လက်ထလို့ပေါ့..။

ဘ၀ကပေးထားတဲ့
အနားသတ်လမ်းကိုလျှောက်ရင်း
မေးငေါ့နေတဲ့ မိစ္ဆာများ
လက်ညှိုးထိုးနေတဲ့ကံကြမ္မာဆိုးများ
ခေါက်ရိုးကျိုးနေတဲ့အိပ်မက်များ
ဖြတ်ကျော်ဖို့ကြိုးစားရင်း
နှလုံးသားချင်းပဲ နီးနီးလာ..
လူချင်းကတော့ ကွာဝေးနေရဲ့..။

မင်းရင်ထဲမှာ..အချစ်ရှိနေသရွေ့
ဘယ်အချိန်ဖြစ်ဖြစ်..
ငါ့ နှလုံးသားတည့်တည့်ကို ချိန်ပစ်လိုက်ပါ
မင်းအတွက် ငါ
ပန်းတစ်ပွင့် ပွင့်ထားမယ်။

ရတုသစ်
(18/9/2012)

3 comments:

Yoemyaykya said...

ဝှက်ဖဲလာဖွင့်တာ ဖွင့်ကြည့်တော့ ကဗျာချစ်သူရဲ့ ရိုးသားတဲ့နှလုံးသားကို တွေ့လိုက်ရတယ်။

လွင်ပြင်လှိုင်းငယ် said...

ကဗျာကောင်းလေးတွေခံစားရင် လင့်ယူသွားပါတယ်

Unknown said...

ကဗျာကောင်းလေးတစ်ပုဒ်း)

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks