(၁)အညာမြေ၏လွမ်းမောဖွယ်နေ့ရက်များကိုသူ ကျောခိုင်းထားရစ်ခဲ့ရ၏ ။ဘွဲ့ရပြီးနောက်
ပိုင်းအလုပ်တစ်ခုလုပ်ဖို့မန္တလေးကိုထွက်ခဲ့သည်။မျှော်မှန်းထားသည့်အလုပ်များကမရသေး။လောလော
ဆယ်ရသည့်အလုပ်ကိုအရင်၀င်လုပ်ထားဦးမည်။အဆင်သင့်တဲ့တစ်နေ့မှပြောင်းလိုက်ရုံ ။အလုပ်နေရာ
တော်တော်များများရှာပြီးမှစာရေးအလုပ်ရလိုက်သည်။
စာရေးအလုပ်ရပြီးလခထုတ်ပေးသည့်နေ့ကအမေ့ကိုရသမျှလခလေးနှင့်သွားကန်တော့ခဲ့
၏။ပီတိမျက်ရည်တွေစိုရွှဲလျက်ဆုတွေတသီကြီးပေးနေသောအမေ့အပြုံးရိပ်ကိုတစ်သက်မေ့နိုင်တော့
မည်မထင်။
"" သားရယ်..အမေတိို့ကတောရွာမှာနေတာ...သိပ်မလိုပါဘူး..သားသုံးဖို့အတွက်ပဲထားပါ
မြို့မှာကအရာရာငွေရှိမှဖြစ်မယ်မဟုတ်လား...သားရယ် အမေတို့အတွက်အရေးမကြီးပါဘူး...သား
ဒီလိုမိဘကျေးဇူးသိတတ်တာကိုပဲအမေကကျေနပ်လှပါပြီကွယ်...""
အမေပြောခဲ့သောစကားများက်ိုနှလုံးသားထဲထိသိပ်ထည့်ရင်းသူစီမံကိန်းတစ်ခုရေးဆွဲ
လိုက်၏။ရသမျှလခထဲမှသုံးပုံတစ်ပုံကိုအမေ့အတွက် စုထားမည်ဟုဆုံးဖြတ်ချက်ချထားလိုက်သည်။
မန္တလေးတောင်ခြေမှကျောက်တော်ကြီးဘုရားပွဲတော်ရက်များမှာလျှောက်လည်ရင်းပွဲဈေးတန်းမှမြေ
အိုးစုဗူးလေးတစ်လုံး၀ယ်လာခဲ့သည်။အတွေးနဲ့ပြုံးမိသွားတာတစ်ကိုယ်ထည်း ။အဲဒီနောက်ပိုင်းမှစ
ပြီးလခထုတ်ရက်တိုင်းပုံမှန်စုဖြစ်ခဲ့သည်။စုဗူးလေးကပြည့်လုပြည့်ခင်။အညာကိုပြန်ဖြစ်တဲ့ရက်မှစုုုဗူး
လေးထဲကငွေစလေးများနှင့်အမေ့အတွက်လိုရမယ်ရလေးတွေသွား၀ယ််တာ့မည်။အမေ့ကျေးဇူးကို
သိတတ်သောသားတစ်ယောက်အဖြစ်အမေကျေနပ်မဆုံးဖြစ်နေမှာသေချာ၏။ ပေးဆပ်ခြင်းတစ်ခု
သာထားခဲ့သောမေတ္တာရှင်တို့ရဲ့ရင်ထဲမှာသားသမီးများ၏သိတတ်မှုအပိုင်းအစလေးတစ်ခုတစ်
လေကဘယ်လောက်ထိနေရာယူနိုင်မှန်းကိုယ်တွေ့မဟုတ်သေးပေမယ့်စာတွေထဲမှာဖတ်ဖူးထား
သည်။ သေချာတော့မသိသေး။သေချာတာတစ်ခုကတော့မေတ္တာအပြည့်ပါသောအမေ့နှုတ်ဖျားမှ
ဆုခြွေစကားလုံးများ....။
*............................................*.......................................................*
( ၂)သူ့စိတ်တွေဂနာမငြိမ်ချင်။ယောက်ယက်ခတ်နေ၏ ။အတွေးထဲမှာပုံရိပ်နှစ်
ခုကလွန််ဆွဲနေသည်။အိုစာသွားပေမယ့်ပြုံးယောင်သမ်းနေသည့်အမေ့ပုံရိပ်နှင့်နှုတ်ခမ်းစူကာစိတ်
ကောက်နေသည့်ချစ်သူ၏ပုံရိပ်။မှိတ်ထားတဲ့မျက်လုံးတွေဖွင့်လိုက်တာတောင်အမြင်အာရုံထဲမုှာထို
ပုံရိပ်နှစ်ခုသာထင်ဟပ်နေသည်။ဘယ်လိုလုပ်ရမလဲ မသိ၊ဒွိဟဖြစ်ရသောစိတ်ဟာအရမး်ပင်ပန်းမှန်း
ကိုယ်တွေ့မို့သိလိုက်ရပြီ။ဆုံးဖြတ်ချက်ကမျက်စိိတမှိတ်လျှပ်တပြက်အတွင်းမှာပြီးသွားနိုင်၏။သို့
သော်..သူ..မချနိုင်သေး ။ချီတုံချတုံဖြစ်နေသည့်စိတ်နှင့်အတူခဏခဏကြည့်မိနေသောအရာက
လေးကလှောင်ပြောင်နေသယောင်။မျက်မှောင်ကျုံ့ထားရလွန်းလို့မျက်ရိုးတွေတောင်တဆစ်ဆစ်
ကိုက်လာသလိုထင်မိ၏။ရင်ထဲမှာလဲတလှပ်လှပ်ခုန်နေတာသူပဲအသိ။
ချစ်သူ၏အရင်နှစ်ကမွေးနေ့ဘယ်လိုပြီးဆုံးခဲ့သည်သူ မသိ။သိဖို့လည်းမလိုခဲ့။
သူနဲ့ချစ်သူတို့လက်တွဲခဲ့တာသိပ်မကြာသေး။လောလောဆယ်တော့မကြာခင်ကျရောက်တော့
မည့်ချစ်သူ၏မွေးနေ့ကသူ့ကိုတိုက်ရိုက်ပတ်သက်လာခဲ့ပြီ။ရှောင်လို့မရ၊လွှဲလို့မဖြစ်။သြော်.....
ခက်ခဲလိုက်ပါဘိခြင်း...။
"" မောင်..လာမယ့် ဆန်းဒေးဟာနွယ့်မွေးနေ့လေ..မောင် နွယ့်ကို ဘာလက်
ဆောင်ပေးဖို့စိတ်ကူးထားသလဲ..ပြောပြ..မောင်ပေးတဲ့လက်ဆောင်နဲ့သူငယ်ချင်းတွေကိုအပြတ်
ကြွားပစ်မယ်...နော်..မောင်..""
ဆိုရေးရှိသူကဆိုလာချေပြီ။ဘယ်လိုလုပ်ပေးရမလဲ။လက်ထဲမှာအပိုငွေကမရှိ
သေး။ကြပ်သိပ်အုံခဲနေသောအတွေးများနှင့်လွန်ဆွဲနေရသောအဖြစ်ကိုခံစားရခက်မိသည်။ညအ
တော်နက်မှဆုံးဖြတ်ချက်ချလိုက်နိုင်၏။ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိခြင်းများကားအတားအဆီး
မဲ့။မတတ်သာသည့်အဆုံးဤနည်းကိုသုံးလိုက်ရပြီ။ဘုရားပွဲဈေးမှ၀ယ်လာခဲ့သောမြေအိုးစုဗူးလေး
ကထက်ခြမ်းကွဲလျှက်။ အလိပ်ကလေးများအတိုင်းထွက်ကျလာသောငွေစက္ကူများကိုတွေေ၀ငေး
ငိုင်စွာကြည့်ရင်းမိုးလင်းခဲ့ရ၏။ကံကြမ္မာ၏ဆော့ကစားခြင်းကိုခံလိုက်ရသောအဖြစ်ကိုနားမလည်
နိုင်စွာတွေးနေမိသည်။အစုန်အဆန်န်ိယာမ၏နူးညံ့စွာတိုက်ခိုက်လာမှုကိုသူလည်စင်းပေးခဲ့ရပြီ
လေ...။
*............................................*......................................................*
(၃)သူ၀ယ်ပေးထားသောလက်ဆောင်ဖြင့်ချစ်သူ့မျက်နှာမှာအပြုံးတွေေ၀နေခဲ့
၏။ချစ်သူစိတ်ချမ်းသာနေတာမြင်တောသူလညး်ပျော်ရသည်။ဖြစ်နိုင်လျှင်ချစ်သူကိုရွှေဘုံနန်းထက်
မှာတင်ထားချင်ကြတာချစ်စကြင်စလူသားများ၏နိ်ယာမသဘောတစ်ခုမဟုတ်ပါလား။ချစ်သူမွေး
နေ့တစ်နေ့လုံးမန္တလေးမြို့အနှံ့လျှောက်လည်ဖြစ်သည်။ပျော်မဆုံးမော်မဆုံးတပြုံးပြုံးဖြစ်နေမိတာ
အမေ့ကိုတောင်သတိမရနိုင်။ကွက်ကျော်ရိုက်တတ်သောနှလုံးသား၏စေညွှန်ရာအတိုင်းအလိုက်
သင့်၊နေသားတကျ ။
သူငယ်ချင်းတွေတိုက်တွန်းလို့တောင်သမန်အင်းဘက်ကိုလည်းရောက်ခဲ့သေး၏။
ဦးပိန်တံတားကျွန်းတိုင်များပေါ်မှာကမ္ပည်းတင်ထားတဲ့ချစ်သူများရဲ့လက်ရေးဖြူဖြူလေးတွေကို
လိုက်ဖတ်ရင်းကြည်နူးမိသေးရဲ့။တစ်ချို့ကဆိုတံတားကြမ်းခင်းတစ်လျှောက်မှတ်တမ်းရေးထိုးထား
တာတွေတောင်ရှိသည်။အချစ်ကအရာရာကိုဖန်ဆင်းနိုင်သည်ဟုထင်မှတ်ထားကြသူများရဲ့အား
ထုတ်မှု လေးတွေ။သူရော..ဘာထူးသေးလဲ ၊ပြန်တွေးကြည့်မိရင်းတစ်ယောက်ပြုံးမိတော့ချစ်သူရဲ့
မျက်စောင်းကအတားအဆီးမရှိ၀င်ရောက်လာ၏။
""ဟွန့်...တစ်ယောက်ထဲပြုံးနေလိုက်တာ..ဒါမရိုးသားဘူး..ပြော..ဘယ်ရည်းစားနဲ့
ဒီက်ိုလာလည်ဘူးသေးလဲ...အတိတ်ကိုသတိတွေရပြီးပြုံးနေမှန်းအသိသာကြီး..""
သူနေရင်းထိုင်ရင်းဒုက္ခရောက်သွားသည်။ချစ်သူ၏အကြပ်ကိုင်မှုအောက်မှာမလူး
သာ၊မလွန့်သာ။အမှတ်တမဲ့ဆိုတော့ဘယ်လိုဖြေရမှန်းမသိ။ဖြေစရာအဖြေကအဆင်သင့်ရှိမနေ ။
ဒါကိုပဲ ချစ်သူကတလွဲတွေးကာစိတ်ကောက်တော့သည်။မယ်ဇယ်ပင်တန်းအရိပ်အောက်မှာခေါ်ပြီး
သေချာရှင်းပြမှချစ်သူစိတ်သက်သာရာရသွားသည့်နှယ်။ဒါတောင်မျက်စောင်းအထိုးကမပျက်သေး။
မျက်မှောင်ကမချသေး။ခက်ရချည်သေးရဲ့။ချစ်သူသာနဂါးမလေးဆိုသူပြာကျနေလောက်ပြီ။ချစ်သူ
ဆိုလို့ဒီတစ်ယောက်သာရှားရှားပါးပါးရှိထားတဲ့သူ့မှာချစ်သူရဲ့အငြိုအငြင်ကိုခံနိုင်စွမ်းမရှိ။ပြီးတော့
သူယူဆထားသည်ကချစ်သူနှင့်လက်ထပ်မည့်သူတစ်ထပ်တည်းကျရမည်ဟု။ဒါပေမယ့်ကံကြမ္မာဆို
တာချို(ဂျို)တစ်ထောင်ထောင်နဲ့လာတတ်တဲ့သတ္တဝါမျိုးမဟုတ်တာကိုတော့သူလျှော့တွက်ထားခဲ့မိ
၏။ သူချစ်သလို ချစ်သူဘက်ကလည်းထပ်တူချစ်နေလိမ့်မည်ထင်ခဲ့သည်။မချစ်ဘူးသေးလို့အချစ်ရူး
တယ်ပဲပြောပြောသူ့ဘ၀တစ်ဆစ်ချိုးမှာချစ်သူရဲ့အနမ်းမိုးတွေနဲ့အိပ်မွေ့ချခြင်းခံထားလိုက်ရကာ
ချစ်သူအတွက်ဆိုဘာမဆိုပေးဆပ်ဖို့အထိအသင့်အနေအထားရှိနေခဲ့၏။ ပလီပလာပြောတတ်သော
ချစ်သူ့နှုတ်ခမ်းဖျားမှာသူအလိုလိုရိုကျိုးနေခဲ့မိ၏။အချစ်သည်လူက်ိုပျော့ည့ံစေတတ်ပါသလား? ။သူ
မစစ်ကြောခဲ့မိ။မတွေးတောခဲ့မိ။ချစ်လူမိုက်ချစ်လို့မိုက်ခဲ့တယ်ဆိုတဲ့သီချင်းလေးကိုခံတွင်းတွေ့ပြီးခ
ဏခဏဆိုနေမိတော့အဆောင်အတူနေသူငယ်ချင်းတွေရဲ့ဆဲဆိုထောပနာမှုကိုခံလိုက်ရသည်။သူ
မမှု ၊ ခွန်းတုံ့မပြန်ခဲ့။အရာရာကိုအကောင်းအတိုင်းမြင်နေခဲ့မိသည်။အချစ်သည်လောကကြီးကိုသာ
ယာလှပအောင်ဖန်ဆင်းတတ်ပါသလား? ။ သြော်....အချစ်သည်.....................။
*...............................................*.........................................................*
(၄ )ခေတ်၏တိုက်စားမှုကြောင့်လား ၊လူတို့၏လှိုင်းပုတ်မှုကြောင့်လား၊...
မသိ ။ခေတ်၏သမီးပျိုဖြစ်သောချစ်သူသည်ခေတ်၏စီမံခန့်ခွဲမှုမှာမျောပါသွား၏။စာရေးအဆင့်သာ
ရှိသေးသောသူ့ကိုအမျိုးမျိုးဂျီကျချင်လာသည်။ပြဿနာအခြေခံကလက်ကိုင်ဖုန်းကိစ္စ။၀န်ထမ်းတွေ
ကိုအရစ်ကျရောင်းပေးသောဖုန်းကို၀ယ်ပေးဖို့ပူဆာလာသည်။သုံးနေကျလက်ကိုင်ဖုန်းကိုလည်းအ
ကြောင်းအမျုးိမျိုးပြပြီးမကိုင်ချင်တော့ဟုဆိုလာ၏။နောက်ဆုံးပေါ် Touch screen အမျိုးအစားဟန်း
ဆက်ကိုမျက်နှာမူလာသည်။ဘယ်လိုလုပ်ရပါ့ ။သူမတွေးတတ်၊မကြံတတ်။ကြိုတင်ငွေထုတ်ခွင့်ရပေ
မယ့်သူမထုတ်ချင်သေး။လွန်ခဲ့သောချစ်သူမွေးနေ့တုံးကမှအမေ့အတွက်စုဗူးလေးကိုခွဲပြီးလက်ဆောင်
၀ယ်ပေးထားတာမို့အမေ့အတွက်ပြန်စုပေးထားချင်သေးသည်။ဒီအကြောင်းကိုချစ်သူကု်ိပြောမပြဖြစ်။
ပြောပြလို့လည်းနား၀င်မည်မထင်။စကားနည်းရန်စဲနေလိုက်တော့အနေအထားကစိမ်းသက်လာခဲ့၏။
တွေ့လိုက်တိုင်းစူပုပ်နေသောမျက်နှာထားနှင့်ဆိုတော့သူစိတ်မချမ်းမြေ့တော့ ။
အကြည့်စိ်မ်းတွေနှင့်လေစိမ်းတိုက်ဖန်များလာတော့အချစ်၏ရသကု်ိသူဇေ၀ဇဝါဖြစ်လာသည်။အချစ်
ကိုအချိုပဲဟုသတ်မှတ်လာခဲ့မိသောသူ့အတွက်ခါးသက်ခြင်းန်ိဒါန်းကတံခါးမရှိ ဓားမရှိ၀င်ရောက်လာ
ခဲ့၏။အချိန်မရွေးပေါက်ကွဲနိုင်သည့်မီးတောင်တစ်ခု၏အနေအထားလိုဖြစ်လာသောအချစ်ရေးကိုသူ
တားဆီးချင်မိသည်။စဉ်းစားတိုင်းလွယ်ကူသောအဖြေကထွက်မလာ။သက်ပြင်းတွေမိုင်တိုင်ရှည်ရင်း
အိပ်ပျက်ညတွေဆက်လာသည်။အအိပ်ပျက်လာတော့အလုပ်မှာလွဲချော်မှုလေးတွေရှိလာသည်။
သူဌေး၏ရာဇသံပေးမှုကိုခံရတာနှစ်ကြီမ်ရှိသွားပြီဖြစ်၏။ကြာရင်လက်ရှိအလုပ်ကိုထိပါးလာနိုင်သည့်
အခြေအနေ ။သူတွေေ၀နေလို့မဖြစ်။တစ်ခုခုကိုဆုံးဖြတ်ချက်ချမှရတော့မည်။လောလောဆယ်ချစ်
သူကိုဖြောင်းဖျနှစ်သိ်မ့်ထားရုံအပြင်ဘာမှမတတ်နိုင်သေး။၀မ်းရေးထက်အချစ်ရေးခက်လာတာသူ့အ
တွက်အဆိုးဆုံးနက္ခတ်တစ်ခုနှင့်ယှဉ်မိနေသလိုလို ။သူဌေးကိုအကျိုးအကြောင်းတင်ပြပြီးအိုဗာတိုင်
ဆက်ဆင်းလိုက်၏။သူဌေးကခွင့်ပြု၍တော်သေးသည်။ချစ်သူကိုခဏစောင့်ပေးဖို့နားချရတာလည်း
အမော။အလုပ်မောနဲ့အချစ်မော နှစ်ခုပေါင်းပြီးပတ်၀န်းကျင်အခြေအနေကိုခေါက်ထားလိုက်ရသည်။
စိတ်ကူးထဲမှာတော့Touch screenဟန်းဖုန်းတစ်လုံးနှင့်၀င့်ပြုံးနေမည့်ချစ်သူမျက်နှာလေးကတစ်ရစ်
၀ဲ၀ဲ.....။
*...............................................*.....................................................*
(၅)""မင်းကောင်မလေးကိုမျက်နှာစိမ်းကောင်တစ်ကောင်နဲ့တွေ့တွေ့နေတယ်..
ဒိုင်းမွန်းပလာဇာမှာတစ်ခါ...ကန်တော်ကြီးစောင်းမှာတစ်ခါ...သေချာလည်းကြည့်လုပ်ဦး..""..
အခန်းဖော်သူငယ်ချင်းတွေပြောလာကာစမှာသူမယုံနု်ိင်။လက်မခံရဲ။မိန်းမတစ်
ယောက်အတွက်နွားအဖြစ်ခံသည်ဟုပြောတာတောင်စိတ်မနာမိ။ချစ်သူကိုအခြားသူတစ်ယောက်
နှင့်တွေ့နေရသည်ဆိုသောသတင်းကဘယ်လိုမှယုံချင်စရာမရှိ။သူနှင့်အတူမန္တလေးတောင်ပေါ်က
ဘုရားမွာ...ရွှေကျီးမြင်ဘုရားမှာ..တောင်သမန်အင်းကသစ်ခြောက်ပင်ခြေရင်းမှာ..သစ္စာကတိတွေ
အကြိမ်ကြိမ်ထားခဲ့ဘူးတာဘာမှမကြာသေး။ချစ်သူကိုသစ္စာမဲ့သူတစ်ယောက်တော့မဖြစ်စေချင်ပါ။
မဖြစ်ပါစေနှင့်ဟုသာဆုတောင်းမိသည်။
ကြိုးစားသမျှအရာမထင်ရသည့်အထဲဆုတောင်းကလည်းလွဲခဲ့လေပြီလားမသိတော့။
ချစ်သူတစ်ယောက်သူ့ဆီမလာတာကြာပြီဟုတေးမှတ်ထားသောပြက္ခဒိန်ကိုကြည့်ရင်းသူသတိထား
မိ၏။ကိစ္စမရှိ ။မနက်ဖြန်လစာထုတ်မှအလိုကျအတိုင်းဖြည့်ဆည်းပေးဖို့ကြံစည်ထားလိုက်သည်။
မနက်ဖြန်ရေ...မြန်မြန်ရောက်ပါတော့..။
အတွေးနဲ့အိပ်ပျော်သွားတော့အိပ်မက်ကခိုး၀င်လာသည်။ချစ်သူလိုချင်သောဟန်းဖုန်း
ကိုအိပ်လှလှလေးနဲ့သေချာထည့်ပြီးသွားပေးမိသည်။ချစ်သူကကျောခိုင်းနေသည်။နာမည်သေချာခေါ်
လိုက်မှနောက်လှည့်လာ၏။ချစ်သူမဟုတ်သော..ချစ်သူ့မျက်နှာ..။မျက်နှာတစ်ပြင်လုံးခံစားချက်မဲ့နေ
သောအစိမ်းရောင်မျက်နှာတစ်ခု။သူ အလန့်တကြားနောက်ဆုတ်လိုက်မိသည်။
"" ၀ုန်းးးးး""
ခါးမှာတစ်ချက်အောင့်သွားသည်။အခန်းဖော်တွေလန့်နိုးကုန်၏။သူအရှက်ပြေရယ်ပြ
ရင်းရေတစ်ခွက်ထသောက်လိုက်ရသည်။တဗျစ်တောက်တောက်ဆဲဆိုပြီးအခန်းဖော်တွေပြန်အိပ်မော
ကျသွားသည့်တိုင်သူ အိပ်မပျော်တော့။အိပ်ချင်စိတ်ကိုပြန်ခေါ်လို့မရတော့။မနက်ဖြန်အတွက်စိတ်စွဲပြီး
မက်တဲ့အိပ်မက်ပဲလို့ကိုယ့်ဘာသာဖြေသိမ့်ပေမယ့်မရ။ အင်း...ချစ်ရတာလည်းမလွယ်ပါလား...ဟင်း။
သက်ပြင်းတွေနှင့်နပမ်းလုံးရင်းမိုးစင်စင်လင်းသွားသည်။ပြန်မအိပ်ဖြစ်တော့။မနက်ဖြန်
လစာထုတ်ရက်၊ ရုံးပိတ်ရက်မို့တော်သေးသည်။ "" ဟူးးးးးးးးးး""။
*..............................................*................................................*
(၆) လစာထုတ်ပြီးပြီးချင်း မိုဘိုင်းမားသား ဖုန်းဆိုင်မှာချစ်သူအတွက်လက်ကု်ိင်ဖုန်း
လေးသွား၀ယ်ဖြစ်သည်။နှမြောတွန့်တိုစိတ်တွေပျောက်နေတာဘာ့ကြောင့်မှန်းမသိ။၀ယ်ပြီးပြီးချင်းချစ်
သူရဲ့အရင်ကိုင်နေကျဖုန်းကိုခေါ်လိုက်၏။ချစ်သူအသံမဟုတ်သောအသံတစ်ခုကအခြားနံပါတ်တစ်ခု
ကိုညွှန်းလိုက်၏။ညွှန်းသည့်အတိုင်းဖုန်းဆက်လိုက်မှချစ်သူအသံကိုကြားခွင့်ရသည်။လွမ်းလိုက်ရတဲ့အ
သံချိုလေး။သူ၀မ်းသာအားရပြောနေပေမယ့်တစ်ဖက်ကအသံမှာအေးစိမ့်နေသလိုခံစားမိ၏။ဘယ်မှာရှိ
မလဲမေးတော့ မနောရမ္မံဥယျာဉ်ကစားကွင်းမှာရောက်နေတာသိရသည်။အရင်ကသူနဲ့သွားဖူးတဲ့နေရာ
လေးမို့လာခဲ့မယ်မပြောပဲသူလိုက်သွားသည်။ချစ်သူကိုအံသြအောင်စနောက်ချင်မိ၏။
ရောက်ရောက်ချင်း မြင်လိုက်ရသည့်မြင်ကွင်းက ကစားကွငး်ထဲကအရုပ်တွေနဲ့အပြိုင်
သူ့ကိုကျောက်ရုပ်ဖြစ်သွားစေခဲ့၏။သတိလက်လွတ်ဖြစ်ပြီးတောက်တစ်ချက်ခေါက်မိတော့လက်ထဲက
လက်ကိုင်ဖုန်းအသစ်လေးလည်းမြေပြင်မှာကွဲကြေ..။အိပ်မက်တွေကြွေသွားခဲ့ပြီဖြစ်၏။ဒေါသကိုကြိုး
ချည်ပြီးအဆောင်ကိုပြန်ခဲ့သည်။အဲဒီနေ့ကသူစောင့်ထိန်းလာတဲ့သုရာမေရယကံကျိုးပျက်သွားခဲ့၏။
ခုတင်ခေါင်းရင်းမှာတင်ထားမိသောစုဗူးလေးကသူ့ကိုလှောင်ပြောင်နေသယောင်။စူပါဂလူးဖြင့်ပြန်ပြီး
ဆက်ထားပေမယ့်အက်ကြောင်းရာလေးတွေတော့ကျန်နေသေးတာသူ၀ိုးတဝါးမြင်လိုက်ရသည်။ဟုတ်
သည်။ကွဲပြီးသားပစ္စည်းတစ်ခုဟာပြန်ဆက်လို့ရတာရှိပေမယ့်အက်ကြောင်လေးထင်ကျန်တတ်တာသ
ဘာ၀ပဲဖြစ်မည်ထင်၏။လွင့်ပျံ့နေသောစိတ်တွေကိုစုစည်းကြည့်သေးသည်။မရ ။စိတ်၏လျင်မြန်နှုန်းနှင့်
အတူအမေ့ရွာကိုပြန်ရောက်သွားမိသည်။အမေ့မျက်နှာမှာပြုံးယောင်သမ်းနေတုံးပင်။သားကိုခွင့်လွှတ်ပါ
အမေရယ်...။ ကြုံလိုက်ရသောအမှားတစ်ခုကု်ိသင်ခန်းစာယူလိုက်ရုံမှ..အပ..။
*............................................*....................................................*
(ရ)ဒီနှစ်ဝါကျွတ်ပွဲတော်မှာသူရွာမပြန်ဖြစ်တော့။ပြန်လည်းမပြန်ချင်။အမေ့အတွက်လက်
ဆောင်ကု်ိသူငယ်ချင်းတွေဆီကချေးငှားပြီး၀ယ်ပေးလိုက်ရသည်။အမေကြိုက်တတ်သောအရီးတောင်း
လက်ဖက်နှင့် မြင့်မြင့်ခင်ထု်ိးမုန့် ။
အလုပ်ကိုတော့ပုံမှန်ပြန်လုပ်ဖြစ်၏ ။ အိပ်ယာ၀င်တိုင်းအမေ့က်ိုအကြိမ်ကြိမ်တောင်း
ပန်နေမိသည်။အက်ကြောင်းရာလေးနှင့်စုဗူးလေးထဲမှာသူလစာငွေလေးတွေပြန်စုဆောင်းဖြစ်နေမိ၏ ။
ကြာတော့ကြာဦးမည်ထင်သည်။အမေ့အတွက်စုဗူးလေးကခုတင်ခေါင်းရင်းမှာနေသားကျနေသလောက်
သူ့စိတ်တွေနေသားတကျပြန်မဖြစ်သေး။လတ်တလောအတိတ်ကိုဖျက်ပစ်လို့မရနိုင်သေး။ဖြေဆေးမရှိ၊
ပြေဆေးမတွေ့သေး။
တဖြည်းဖြည်းပြန်စုရမှာဆိုတော့နောက်နှစ်မှအမေ့ဆီပြန်ပြီးကန်တော့နု်ိင်တော့မည်
ထင်သည်။အခုထိတော့...အမေ့အတွက်စုဗူးလေးထဲမှာလေဟာနယ်အကျယ်အ၀န်းများနေသေး၏ ။
တစ်နေ့နေ့တော့ပြည့်၍လာလိမ့်မည် ။ လတ်တလောဖြစ်စဉ်အရတော့...................။
ရတုသစ်
(၂၁/၁၀ /၂၀၁၂
မနက် ၂နာရီ၃၀မိနစ်)
No comments:
Post a Comment