လိပ်ပြာတောင်ပံခတ်သံကြားတိုင်း
ငါ့နားထဲမှာ ကဗျာရဲ့အသံကိုကြားရ
လိပ်ပြာတောင်ပံကြွေတိုင်း
ငါ့ရင်မှာ ကာရန်တွေကြွေခဲ့
လိပ်ပြာရဲ့ကောင်းမွေ ဆိုးမွေကို ခံစားဖို့
ကဗျာနဲ့ ငါ ရန်ဖြစ်ခဲ့ရ
လိပ်ပြာရဲ့အမိန့်တော်အတိုင်း
ကဗျာက ငါဖြစ်လိုက်/ငါက ကဗျာဖြစ်လိုက်
လိပ်ပြာပေးခဲ့တဲ့နူးညံ့ခြင်းမှာ
ကဗျာက စီးမျောသွားခဲ့တာလား
လိပ်ပြာနဲ့အတူ ကဗျာဟာ
တစ်သားတည်းရှိနေမှန်း ငါ မသိခဲ့
လိပ်ပြာက လိမ်ညာခဲ့တာမဟုတ်ဘူး..
ငါက ကဗျာတောမှာလည်နေတာ
လိပ်ပြာရေ...
တောင်ပံခတ်သံတစ်ချက်လွင့်တိုင်း
ငါ့ရင်မှာ ကဗျာတွေ စီးဆင်းပါရစေကွယ်...။
ရတုသစ်
(24/ 10 /2012 )
1 comment:
ကဗျာလေးလာရောက်ခံစားသွာပါတယ်နော့
Post a Comment