( အွန်လိုင်းလင်းရောင်ခြည်စကား၀ိုင်းမှပွင့်အန်ကျလာတဲ့ကဗျာ)
မြင်လား . . . မြင်းလား. . . မြင့်လား
မြင်းကိုမြင်တော့မြင့်နေအောင်မော့ကြည့်လိုက်ရပါကြောင်း
ဒါပဲ . . . အဲဒါပဲ . . . ဒါကြောင့်မို့ . . . ဒါတွေပါပဲ
ဒါတွေကို ဒါကြောင့်လို့ထင်နေသေးရင်
ဒါကြီးက ဒါမျိုးလိုက်နေမှာ ဒါ သံသယပဲ
ပြန်မရပါဘူး လှန်ချလိုက်ပါ
ဒဏ်ကျမယ် သောကနဲ့။
သောကအမောမှာ
ဟောသမျှတရားနဲ့နား၀င်မချိုဘူး
လိုအင်တွေများလေလေ..ရင်နာရလေလေပါပဲ
မမြင်သာတဲ့အပြင်အဆင်တွေကြား
ပညာနဲ့ဆင်ခြင်ပါ...
ဆင်ခြင်မှုတွေအာနည်းမှ ဆင်ခြေဆင်လက်မပြနဲ့
ဘ၀ကမငး်လက်ထဲမှာ အနည်ကျပြီးသား
ပယ်ချလိုက်တဲ့တရားမှာ မတရားမှုပါသေးလား
တရားမှု မတရားမှုထက်
အိပ်မက်ကိုတပ်လှန့်နေရတော့
စာရိတ္တအကန့်က ပျက်တတ်တယ်..။
ဆွဲထုတ် ခုတ်သတ်
အပြတ်ပြတ်နဲ့
နောက်ဆုံး
ပ်က္တာ
ရိုး . . . သား . . . မှု
ကြိူးစားမှုအတိုင်းအတာထက်
ပိုလိုချင်တဲ့အတ္တက ဗီဇကို မီးနီပြတယ် ။
မပီမသတဲ့လေ့ကျင့့်မှုအောက်မှာ
အဆင့်အတန်းဆိုတာ ၀မ်းလျားမှောက်လို့..။
ဟိုမှာကြည့်လိုက် ထိန်ထိန်ညီးနေတဲ့မီး
ထွန်းတဲ့မီးလား ရှို့တဲ့မီးလား လောင်တဲ့မီးလား
ဘယ်သူမှမသိဘူးအထင်နဲ့ဆပ်ကပ်ဆန်ဆန် အန်ချလိုက်တဲ့မီး
ရင်ဘတ်စည်တီးလောင်တယ်..
အရောင်တွေလက်နေတာတောင် မှောင်တယ်.
အံချော်နေတဲ့အဆုံးသတ်မှုကြားမှာ
မြေသားဟာ သွေး ညှီီနံ့သင်းပြန်ရ..
ဒီဒုက္ခ အတွက်ဘယ်သူတွေလျှော်ပေးမလဲ..။
ပြော...
ဟိုးအတွင်းထဲက ရင်ခေါင်းသံနဲ့ပြော
မျက်လုံးကို တည့်တည့်ကြည့်ပြော
လက်နှစ်ဖက်ကို ဆန့်တန်းပြီးပြော
ခန္ဓာကိုယ် မတ်မတ်နဲ့ပြော
ထပ်ပြောမယ်
ဟိုးအတွင်းထဲက ရင်ခေါင်းသံနဲ့ပြော . . .
ရင်တစ်ခုလုံးဗြောင်းဆန်နေတာမှန်ရဲ့
အန်ခဲ့တဲ့ ကျိန်စာတွေ တရွဲရွဲ
အသဲကွဲတယ်ဆိုတာ ချစ်သူမုန်းလို့မဟုတ်ဘူး။
ရင်ဘတ်အဆမတန်နာလည်းကွံဲထွက်တတ်တယ်။
ဒီ တစ်ခါကွဲတဲ့အသဲ ဘယ် ရာဇ၀င်နဲ့မှမလဲဘူး ။
ငါ့လက်ကို ငါ့လက်နဲ့ ပြန်တွဲထား
ငါ့တရားကို ငါအပိုင်ယူတယ်
ငါအသက်ဟာ ငါ့အတွက် မဖြစ်စေရဘူး။
အဲလို ငါကြွေးကြော်တယ်
အဲလို ငါကျိန်ဆိုတယ်
ငါ့ ဝိဉာဉ် ဟိုးအဝေးဆုံးထိ...
ပြေးလမ်းဆုံးတာတောင် ငါ့ကျိန်စာသံညံဆဲ
မယိုင်လဲတဲ့၀ိညာဉ်နဲ့ငါ့ ရင်ကိုခါထုတ်မယ်
ရင်ဘတ်ကကျတဲ့အသံ ငါ့အသံ
နှလုံးသားကကျတဲ့သွေး ငါ့မျက်ရည်သွေး
ဘာအရေးကြောင့် ဘာတွေကိုငါဂရုစိုက်ရမလဲ
ငါ့ အတိုက်အခိုက်ဟာ ငါ့ ကဗျာပဲ
ငါ့ကဗျာမှာ ငါ့အသံ ငါ့သွေး ငါ့ကြွေးကြော်သံပါရဲ့
လာခဲ့.....နှလုံးသားသန့်သန့်တစ်စုံနဲ့
ကြားနာလှည့်...။
ညီမင်းဝေ--ရတုသစ်
( စိတ်ထဲရှိရှိတဲ့အတိုင်းဖွင့်ချရင်းရေးဖြစ်သွားတဲ့ အမှတ်တရကဗျာ.)
2 comments:
ဆြဲထုတ္ ခုတ္သတ္
အျပတ္ျပတ္နဲ႔
ေနာက္ဆံုး
ပ်က္တာ
ရိုး . . . သား . . . မႈ
ႀကဴိးစားမွဳအတိုင္းအတာထက္
ပုိလိုခ်င္တဲ့အတၱက ဗီဇကုိ မီးနီျပတယ္ ။
မပီမသတဲ့ေလ့က်င့့္မွဳေအာက္မွာ
အဆင့္အတန္းဆုိတာ ၀မ္းလ်ားေမွာက္လို႕.
ရတုေရ အေတြးေလးေတြေကာင္း
စာကလုံးေလးေတြလွတဲ႔ကဗ်ာေလးပါ...
မၾကီး jasmine
မယုိင္လဲတဲ့၀ိညာဥ္နဲ႕ငါ့ ရင္ကုိခါထုတ္မယ္
ရင္ဘတ္ကက်တဲ့အသံ ငါ့အသံ
နွလုံးသားကက်တဲ့ေသြး ငါ့မ်က္ရည္ေသြး
ဘာအေရးေၾကာင့္ ဘာေတြကုိငါဂရုစိုက္ရမလဲ
ငါ့ အတိုက္အခုိ္က္ဟာ ငါ့ ကဗ်ာပဲ
ငါ့ကဗ်ာမွာ ငါ့အသံ ငါ့ေသြး ငါ့ေၾကြးေၾကာ္သံပါရဲ႕
လာခဲ့.....နွလံုးသားသန္႕သန္႕တစ္စုံနဲ႕
ၾကားနာလွည့္....
ကဗ်ာေလး သိပ္ၾကိဳက္မိပါတယ္ ကိုရတုေရ..
ဆက္လက္ထုဆစ္ႏုိင္ပါေစေနာ္...
ခင္တဲ႔....မုိးနတ္
Post a Comment