Sunday, November 11, 2012

မွေးနေ့အတွက် တဂ်ပို့စ်လေးများ

ရတုသစ်အတွက် မွေးနေ့ဆုကဗျာ

ရတုသစ်ရေ....
ပျိုမြစ် နုနယ်..
ငယ်ဘ၀တို့.. တစ္စစ လွန်မြောက်..
လျှောက်သောလမ်းတိုင်း .. ပန်းတို့ ပွင့်မြိုင်..
ရနံ့ ကြိုင်စေ...
မွေးမေ ပေးသော..
သွေးနှင့် အသက်... သံသရာ ဆက်ဆက်...
လင်း လက် သားလွ... မိဘ ကျေးဇူး.. အထူး တည်မှတ်...
ဆပ်ခွင့် ရေသာ..
လောကုတ် လောကီ..
နှစ်လီ သံသရာ... ၀တ္တရား ကျေပြွန်....
လူချွန် ယောကျာၤး... ဖြစ်ရစေ...
. ထာ၀ရ နွေဦးမေ
http://nwaeoomay.blogspot.com/


*****************************************
11/11/2012 ..နေ့တွင်ကျရောက်သောကျနော့်သူငယ်ချင်း .. ကိုရတု အတွက် မွေးနေ့ဆုတောင်း
**********************************
ကျုပ်သူငယ်ချင်း
ကိုရတု ရေ
ဒီနေ့
မင်းရဲ့မွေးနေ့
မထူးဆန်းတဲ့စကားတွေနဲ့
ငါ
ဆုမွန်ချွေမိ
အနီရောင်ပန်းတွေဖူးပွင့်တဲ့
ဟောဒီ ကမ်ဘာမြေတစ်ခွင်
ရင်ဘတ်ချင်းဆက်
ရစ်ပတ်ချည်နှောင်
ကဗျာ့ဘောင်ထဲသက်ဆင်း
တောလဲသံတွေကင်းတဲ့ကမ်ဘာမှာ
မင်း
သာယာပါစေ
နောက်တစ်မျိုးဆုတောင်း
သံသရာကောင်းဖို့အတွက်ပေါ့
အကောင်း နဲ့ အဆိုး
ညီမျှခြင်းထိုးဖို့လွယ်တဲ့ခေတ်ထဲ
အသိထူးတွေဖော်ကျုးရေးအတွက်
မမေ့ခြင်းနဲ့အဖော်ပြု
သေးခြင်းတရားကိုအံတုဖို့
ပစ္စုပ္ပန်တွေကိုဆင်ခြင်
အလျင်
မသေခြင်းရောက်ပါစေ

                    မင်းရဲ့သူငယ်ချင်း
                 မောင်ရေခဲ(အဝတ်နီ)
     


No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks