Thursday, December 6, 2012

အားကျမိခြင်း


သူက..
ဓူဝံကြယ်ကိုဆွတ်ခူးခိုင်းတယ်
မြေ၀ပ်ငှက်တစ်ကောင်ရဲ့သမိုင်းကို
အပိုင်းပိုင်းခုတ်ချခံလိုက်ရခြင်းပဲ..။

ပေးဆပ်ခြင်းတွေတနင့်တပိုးရှိပေမဲ့
မပေးဆပ်နိုင်တဲ့ဘ၀မျိုးကို
ဘယ်လိုဒေ၀တာတွေကဖန်ဆင်းပေးထားတာလဲ..။

မြေနံ့နဲ့ချည်တုပ်ခံထားရတဲ့
ဘ၀ရဲ့ကြိုးအထုံးကိုဖြေဖို့ခက်ပါရဲ့
တစ်ခါတစ်လေတော့လည်း....
ထန်းတစ်ဖျားလောက်အမြင့်ကို..
မျှော်လင့်မိခဲ့ဘူးတာ အမှန်ပေါ့ ။

ဒီထက်ပိုမတတ်နိုင်တဲ့ ဘ၀မို့
မြေနံ့နဲ့၀ပ်ကျင်းခတ်လို့
ငါ့ကို ငါ ချဉ်းကပ်မယ်..။

သစ္စာရဲ့သမိုင်းကို ပထမဆုံးတွေ့ရှိခဲ့တဲ့
မဟာလူသားတစ်ဦးရဲ့ ရှာဖွေမှုမျိုးကို
ရိုးရိုးလေး အားကျမိလိုက်တယ်..။

                  ရတုသစ်


2 comments:

Yoemyaykya said...

အစ်မလဲထန်းတစ်ဖျားအမြင့်ကို မျှော်လင့်ခဲ့ဖူးတယ်။ ဒီနေတော့ ၀ှက်ဖဲဖွင့်သွားတယ်နော်။

အလင်းရိုင်း said...

ကဗျာလေး ကြိုက်တယ် ဗျာ ...

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks