လှေတော့လှေပဲ
စက္ကူလှေဖြစ်နေတယ်
ရေကူးလို့မရတဲ့လှေတစ်စင်းနဲ့
လှော်ရင်းနစ်ခဲ့တာ အကြိမ်ကြိမ်ပေါ့ ။
အချိန်ပြမျဉ်းတွေကြား တိုး၀င်ရင်း
အလင်းနှစ်တွေရေတွက်မိ
အချက်မိမိ ပြနေတဲ့တရားမှာ
အချက်မသိတော့ ဇရက်(ဆက်ရက်)ချိုး(ဂျိုး)ထင်ခဲ့ ။
အစီအစဉ်တကျရောက်ရောက်လာတဲ့
အမြီးအမောက်မတည့်မှုကြား
ဝေဝါးဆဲ အလည်လွန်ငှက်ဟာ အတောင်ညောင်းခဲ့ရ ။
ဒုက္ခမြစ်ထဲ နစ်မယ်မှန်းသိရင်
ပြာလွင်နေတဲ့ ဒီ စိတ်တွေ ခါချလို့
အထာမကျသေးတဲ့ ဘ၀ကို
ခဏဖြစ်ဖြစ်ဖျောက်ထားလိုက်ချင်တယ်။
ရတုသစ်
1 comment:
ကဗျာလေးကအ၇မ်းကောင်းတာပဲ
လာရောက်ခံစားသွားပါတယ်...ချင်
Post a Comment