ဥသြဟာ နွေကိုသိသလို
ကျွန်တော်လည်း ရင်ပြိုနေပါတယ် မမဝေ..။
အလွမ်းတွေ မသပ်မရပ်နဲ့
တစ်ခန်းရပ်သွားတဲ့ပြဇာတ်တစ်ပုဒ်ဟာ
အကျဉ်းချုပ်မဆန်လွန်းဘူးလား ။
ဟွန်း..မတီးဘဲ ၀င်လာတဲ့ နွေထဲ
သဲထဲရေသွန်ဖြစ်သွားမယ့် အချစ်တွေ
လေပြည်နဲ့အတူ မအေးနိုင်တော့ဘူး ။
မြေလူးမနေပါနဲ့တော့ ရွက်ဝါရေ..
တစ်သက်မှာ တစ်ခါသေရတယ်ဆိုပေမဲ့
အိပ်မက်ပွင့်ဝေတိုင်း လွင့်လွင့်သွားတဲ့ လိပ်ပြာ
ဘယ်ဂါထာနဲ့ ပြန်ထိန်းချုပ်ရမလဲ
နာလွန်းမက နာလာတဲ့အသည်းမှာ
အသက်ပိုမပါတာ သိသင့်ပါတယ်..မမဝေ ။
ဆောင်းနှင်းကြွင်းတွေ ချန်ထားတဲ့ နာရီနဲ့
ဥသြဟာ တေးသီနေပေါ့
ကျွန်တော်လည်း တေးသီမယ်
အလွမ်းမပီပြင်ရင်ကြိုက်သလိုပြောပါ ။ ။
ရတုသစ်
(18-02-2013..1:15 AM)
2 comments:
ကဗျာစာသားလေးတွေအ၇မ်းလှတာပဲနော်
ကဗျာလာဖတ်သွားတယ်နော် မမဝေ...:)
အဲလေ...ကိုရတု...:P
ကဗျာလေးက လှလှချည်လားးးးးးးးးးးးး
အသုံးအနှုန်းလေးတွေ သဘောတကျနဲ့
အတုယူမှတ်သားသွားတယ်....ခိုးချတာဟုတ်ဘူးနော်:)
သူများရေးထားတာလေးကို နှစ်သက်စွာနဲ့
လာရောက်ခံစားပြီးရင် ကိုယ်လဲ အဲလိုလှလှပပနဲ့
သဘာဝကျကျ ဘယ်လိုထုဆစ်ရမယ်ဆိုတာ...
သင်ယူနိုင်တာပေါ့....ကျေးဇူးပါရှင် :)))
မိုးနတ်လဲ အများကြီးသင်ရအုံးမယ်...
အားလုံးဆီကလေ :P
Post a Comment