ရုပ်ကျနေရတဲ့အထဲ
မဲ့နေရလို့ အဆင်ပြေပါ့မလား
ဆင်ခြင်မှုများနဲ့ ဖွဖွလေးပြုံးလိုက်မိရဲ့။
အချိုသပ်ခံလိုက်ရခြင်းမှာ
သည်းခြေက ခါးသက်လာပေါ့
နာ့ဗ်ကြောလျော့သွားမယ့်အပြုံးတုတွေအတွက်
ထုချေလွှာ မရှိသေးဘူး ။
ပျားရည်လူးထားတဲ့ စကားတွေအောက်မှာ
ကိုယ်ပျောက် စိတ်ပျောက်နေ့တွေ
အစာမကြေတဲ့ ရင်ဘတ်တွေအောက်
ပျောက်သွားတဲ့ ဝါကျများမှာ
အမှန်တွေပါသွားတယ်။
။ ။ ရတုသစ်
3 comments:
ရုပ္က်ေနရတဲ့အထဲ
ကဗျာလေးကတမျိုးလေး...ကောင်းနေေ၇ာလား.
ကိုရတုေ၇....
အိုးးးးးးးးးးး
ကိုရွှေရတုရဲ့ လျှို့ဝှက်သတင်းတွေ လာဖတ်တွားတယ်
ပြီး ဖွဘုတ်ပေါ်တင်လိုက်ရင် ဘိုလုပ်မလဲ :P
စတာနော်...အစဆုံးပုဒ်လေး ဘာမှန်းမသိကို
ကောင်းတယ်...အဆုံးလဲရောက်ရော ရင်ထဲထိကို
စွဲကျန်နေပါရောလား :)))
ခင်တဲ့....မိုးနတ်
လျှို့ဝှက်သတင်းဆိုလို့ပြေးပြေးလွှားလွှားလာတာရတုရေ။
ပျောက်သွားတဲ့ဝါကျမှာ အမှန်တွေပါသွားတယ်။ပြန်ရှာရမယ်။ ကူရှာပေးမယ်မလား။
Post a Comment