ပုထုဇဉ်ဓလေ့မို့တရားဟာတရားကိုပြန်ရှာနေရ
ဘ၀နွံတွင်းထဲအလင်းဟာ ဆွဲနှစ်ခံလိုက်ရတဲ့သားကောင်
အယောင်ယောင်အမှားမှားတွေကြားပြဿဒါးကပြက္ခဒိန်အပြည့် ။
ရစ်တိုးဝှေ့ဆင်းလာတဲ့မြူမှုန်မွဲပြာပြာထဲ
အလဲထိုးခံသစ်ရွက်ကလေးများတရှပ်ရှပ်တွားသွားကြ
ဘ၀ခေါင်းစဉ်အောက်ကသက်ရှိသက်မဲ့ဖြစ်ပျက်မြင်ကွင်းတွေ ။
ဖူး ေ၀လိုက် ပွင့်ေ၀လိုက် အချိန်ကိုက်ပြဋ္ဌာန်းကျမ်းစာများ
နောက်ဆုံးတံခါးအဖွင့်အတွက်သီအိုရီတွေဖြည့်စွက်ပေးပါ
အရေးမပါတဲ့အတွေးနဲ့ကမ္ဘာ့၀င်ရိုးပေါ်မေ့မောလည်ပတ်နေခဲ့ရ ။
ဝေခဏ ကြွေခဏ သရုပ်ပြအခမ်းအနားတစ်လျှောက်
ဦးနှောက်ကိုရင်ဘတ်ထဲထည့်ထားလိုက်ရမလား
နှလုံးသားကိုခေါင်းပေါ်ရွက်ထားရမလား..တစ်ခုချင်းဖြေ ။
စီတန်းရစ်ခွေလာမယ့် ရွေးချယ်စရာ တစ်ခုပြီး..တစ္ခု
ဘယ်တစ်ခုကို ပန်းကုံးစွပ်သရဖူပေးမလဲ
ဝေခွဲရခက်ခြင်းဆိုတာလူဖြစ်ကတည်းကပါလာတဲ့ဝေဒနာ ။
နွေကဗျာဟာအဟောင်းတွေခြွေကာပစ်လိုက်
အသစ်တွေ ဝေဆာပစ်လိုက် တရားပြရင်း
ကျုပ်တို့ခင်ဗျားတို့မြင်ကွင်းမှာ အထင်းသာဖြတ်လျှောက်လာ ။
ဦးနှောက်ကိုအလုပ်ပေးလိုက်ရမလားစဉ်းစား
နှလုံးသားကိုအားဖြည့်ထားရမလား ဆင်ခြင်
ရွက်ကြွေလွင်ပြင်မှာပုရစ်ဖူးတွေ အတိတ်မေ့နေပေါ့ ။
ရောက် နေကျအလှည့်က အစ၊အလယ် ၊အဆုံး မသဲကြဲ
မတည်မြဲခြင်းမှာနေမြဲအတိုင်းပုတ်သင်ညိုတစ်ကောင်လို
ယောင်ယောင်ပြီးညိတ်မိတဲ့ဦးခေါင်းဟာ အခွံသက်သက် ။
ပြန်ဆက်မရမယ့်အက်ရာတွေဖာထေးချုပ်စပ်မိ
ကြိုးပြတ်လွတ်ထွက်အသိဟာ ဘယ်ဆီဘယ်၀ယ်ပျံ့လွင့်
ကျွမ်းရင့်နေခဲ့တာ သံသရာအဆက်ဆက် အတ္တ။
ပြီတီတီလုပ်မရတဲ့သစ္စာဟာရှေ့ နောက် ၀ဲ ယာ မှာ
မာယာတွေအလုပ်မဖြစ်ဘူး သိရဲ့လား..ဖြည်းဖြည်းဖြေ ။
ကဝေဆန်တဲ့နွေဟာ သင်္ခါရကို ပခုံးပေါ်တင်လာခဲ့ပြီ ။
ရတုသစ်
(http://yatuthit.blogspot.com/ )
2 comments:
ကဗျာလေးတွေအ၇မ်းကောင်းတာပဲ.တပုဒ်နဲ့တပုဒ်
ဖတ်လို့မရိုးနိုင်ဘူးလေ...အ၇မ်းမိုက်တယ်...ချင့်....
အဲဒါ လာမမေးနဲ့ ကိုရတုရဲ့....
မိုးနတ်လဲ အဲ့အဖြေကို သိချင်နေတာပါ :)))
Post a Comment