Monday, March 25, 2013

ဖျားနာနေသောပိရမစ်တစ်လုံး


အပြုံးမှာဓားသွားတွေတပ်မလာရ
မျက်၀န်းနှင့်နှလုံးသားချိတ်ဆက်မှုအားကောင်း၏
အပြုံးတုများသည် ပျားရည်ရောသောအဆိပ်
တိတ်ဆိတ်နေသောအခန်းတစ်ခု၀ယ်
ထုထည်ကြီးသောအမှောင်တွေလိမ့်။

ကံထမ်းလာတာ မမြင်ရ ဟု ဆိုသူဆို
လှံထမ်းလာတာ မမြင်ရ ဟုပြောသူပြော
ကံကိုယ်တိုင် လှံထမ်းလာသောအခါ ငုတ်တုပ်မေ့ကျန်ရစ်ခဲ့ရ
လောက ကြီးအား ဘားနဒ်ရှော ထံအပ်နှံပစ်၍
ဂစ်တာတစ်လက်ကီးကြောင်နေသံကို နားထောင်အံ့
လေမလောင်ပဲ ကြွေသောသစ်ရွက်တစ်ရွက်၀ယ်
မရဏကို ခွဲစိတ်ကြည့်မိသောအခါ..
အမှောင်သည်ဖျတ်ကနဲ တံခါးဖွင့်ထွက်လာ ။

ရမ္မက်၀ိုင် အရသာကို မသိသေး
ကျဆိမ့်သည် အိပ်ဆေးကို ပြယ်စေတတ်ရဲ့
စားပွဲထိုးမလေးလာပေးသောဆေးပေါ့လိပ်မှာ
အဆိပ်အနည်းငယ်ရောထွေးပါ၀င်ကြောင်း
ထောင်းထောင်းထသွားသောအငွေ့များကြား
တောင်ပံခတ်သံမှားသောခြင်တစ်ကောင်က
လတ်လတ်ဆတ်ဆတ် သက်သေပြနေတယ် ။

ခဏလေး နေပါဦးခင်ဗျာ..
ဦးငှက်ကြီးရဲ့သီချင်းသံဆုံးရင်ကျွန်တော်ပြန်မယ်
မနက်ဖြန်ရောက်ဖို့ကွမ်းတစ်ယာညက်ခန့်ကျန်သေးရဲ့
လက်ကျန်အလွမ်းလေးတော့ ဆေးစိမ်ထားပါရစေ
ကျွန်တော့်နှလုံးသားမှာပိရမစ်တည်ထားပြီ
ပလီပလာ ပြောခြင်း သည်းခံပါ
သန်ဘက်ခါထိ
ကျွန်တော်ဖျားနာနေမိပါဦးမည် ။ ။

ရတုသစ်
25 /03 /2013




1 comment:

နွေလ said...

မိုက်လား မိုက်လား မိုက်လား
မိုက်တယ် မိုက်တယ် မိုက်တယ်
ကိုရတုကြီး ကဗျာစာအုပ်ထုတ်ရင်တော့
ရှေ့ဆုံးက ပြေးဝယ်ပစ်မယ်
တကယ် ... ကိုရတုရဲ့ ကဗျာအရေးအသားတွေကို
အတော်လေး နှစ်သက်မိတယ်
ကဗျာနဲ့ ပတ်သက်ရင် ဘာမှမသိပါဘူး
ဒါပေမဲ့ ခံစားလို့ရနေတယ်
အစ်ကို့ရဲ့ရင်ပြတင်းထဲမှာ ကဗျာဝိညာဉ်ချင်း
ပေါင်းစည်းခဲ့ပါတယ် အစ်ကို

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks