အထာမကျသေးတဲ့အကြောင်းအရာတွေ လိုက်ပြီး ဖာထေးချုပ်စပ် တရစပ်
ခေါက်ရိုးတွန့်နေပြီးသားအ၀တ်တစ်ခုက ကိုယ်ထည်နဲ့မကိုက်ညီတော့ဘူး
၀ဲပစ်လိုက်စမ်း ေ၀းေ၀းလွင့်လွင့် စိတ်ကူးတည့်ရာ ခြေဦးတည့်ရာ အာရုံက်ရာ
တစ္ခုခုဆို စိတ္ကထစ္ကနဲ ဒုံးခွင်းဒုံး ဒုန်းစိုင်းကြီး ကိုယ်လွတ်ရုန်းကြရင်ကောင်းမလား
အကြောင်းကြောင်းကြောင့်ဆိုတဲ့ကြောင့်ကြမှုတွေဆီကြန့်ကြာမှုတွေဗီဇာမပါပဲလာလိမ့်မယ်
ဟယ္လို..ကြားလား..ဟိုင်း..နေကောင်းလား..ဂလိုဘယ်လိုက် ညာလိုက်ဖြီးဖြန်းလိုက်
ကတိုက်ကရိုက်ပြုတ်ထွက်လာမယ့်အပိုင်းအစတွေကြည့်ရှောင် ခေါင်းငြိမ်ငြိမ်ထား
လက်ကားယားခြေကားယားနဲ့တိုက်ပုံအင်္ကျ ီကြီးနဲ့ကြည့်လို့မကောင်းဘူး ချွတ်ထားဗျာ
ရိုးရာအတိုင်း ရိုးရာကို ရိုးတဲ့အရာမှာထားကြည့်ဖို့အဆိုတင်သွင်းချက်ကက်ကက်လန်ရန်တွေ့
ဓလေ့တွေဟာ အလေ့ကျပေါက်ပင်တွေလို တန်ဖိုးနည်းသွားပြီလား တွေးရင်းသွေးတိုးဒီဂရီ
အကြည်ဓာတ်ပျောက်သွားတဲ့ ဓာတ်ကြိီးလေးပါးထဲမှာ ဓာတ်ပေါင်းဖိုတွေထည့်ရေတွက်ရ/မရ
သံသယ သံသရာထဲ သံသရာဟာ သံသယတွေနဲ့ ဇက္သပ္မရတဲ့ ဒုန်းမြင်းလို
ရေတွက်ရနာမ်တွေထဲရေတွက်မရနာမ်တွေထိုးထည့်ရင်းအများဆိုင်နာမ်ကသူခိုးလက်ထဲကမြေပုံ
တအုံနွေးနွေးဖြစ်ဆဲ မရင့်ကျက်မှုတွေဆီ သီအိုရီအသစ်တွေပို့ချပေးပါ ငါ/ငါ/ငါ=အတ္တ
ဖျက်မရတဲ့အကြောင်းအရာဆိုတာသမိုင်းကိုပြောတာလား ရာဇ၀င်ကိုပြောတာလား
ဂြိုဟ်စီးဂြိုဟ်နင်းမကောင်းဘူး နဂါးလှည့်မကောင်းဘူး အရှေ့/အနောက် /တောင်
ယောင်ခြောက်ဆယ်မကတော့တဲ့ဂယောင်ဂယင်တွေနဲ့ကမ်ဘာကြီးလည်းဒေါင်ဒင်ဒေါင်ဒင်
မောင်းတင်ထားတဲ့စိတ်ကိုနှိပ်ချလိုက်တော့ အနာဂတ်တွေအထွေးလိုက်ပြုတ်ကျတယ်
သမုဒယေတြ အနုအလှတွေလာလာမပြောနဲ့တယုတယသိမ်းထားတာ သက္ကာယဒိဋ္ဌိတွေ
အချိုးမပြေတဲ့လမ်းမထဲ သံချေးတက်ဦးနှောက်အပိုကြီးတွေ ခွစီးရင်းမျဉ်းကြားတွေလိမ်ခေါက်လို့
တစ်ယောက်ကစလိုက်တဲ့တစ်ရာတစ်ထောင်တစ်သောင်းတစ်သိန်းတစ်သန်းမီးလျှံမီးတောက်များ
ဝါးလိုက်ကြ စားလိုက်ကြ ပွားလိုက်ကြ နေ့မအားညမအား အားအားယားယားအားထုတ်မှုအတိုင်း
တံတိုင်းတွေဖြိုပြီးရင် ရှေ့တည့်တည့်ကိုကြည့်လိုက်လှံစိုက်ထားတဲ့မြေသားနိမ့်နိမ့်တွေ
နိမ့်လျှောစီးဆင်းရာအတိုင်း စီးဆင်းနိမ့်လျှောလို့ အစီးအဆင်းနိမ့်လျှောတွေကြားအလဲလဲအပြိုပြို ။
ရတုသစ်
19042013
နေ့3 း25နာရိီ
1 comment:
အင်း!!!! ... သံသရာထဲက သံသယတွေနဲ့ ... :)
Post a Comment