စိတ်အဆွေးတွေ လွှင့်ပစ်ဖို့
စိတ်ပုပ်စွန့်ရမယ့်နေရာတွေဘယ်မှာ ရှာရမလဲ
စိတ်နာတွေ စုထားရေတာ့
လွတ်လပ်မှုက ပြည်တည်နာဖြစ်ခဲ့ ။
ငြိမ်းချမ်းရေးဟာ
ကမ်းဝေးနေသေးတဲ့လှေပျက်တစ်စင်းလား
ငါတို့ အိပ်မက်တွေမှာ..
ကယ်တင်ရှင်ဆိုတာ ပြယုဂ်မဟုတ်ဘူး
ငါတို့ ကိုယ်တိုင် လက်နဲ့လှုပ်ပြီးလှော်ခတ်ရုံပ ။
ည ဟာ နာမည်နဲ့မလိုက်အောင် မှောင်တယ်
ဘ၀ကလည်း ဘယ်တော့မှ ၀လာမှာမဟုတ်တော့ဘူး
စိတ်တွေ ဆွေးမြည့် နေသရွေ့
စိတ်တွေ ဆေးထိုးခံနေရသရွေ့..။ ။
ရတုသစ်
05042013
မနက် 3း21 နာရီ
No comments:
Post a Comment