အမှန်ခြစ်ပြထားတိုင်းမမှားဘူးထင်ခဲ့ရတာ
ဘယ်လောက်ကြာပြီလဲ
ကြက်ခြေခတ်ပြထားတိုင်းမမှန်ဘူးထင်ခဲ့ရတာ
ဘယ်လောက်ကြာပြီလဲ
ဉာဏ်နည်းလို့ဆိုချင်ဆို
မလှန်ရဲလို့ပြောချင်ပြော
အမှန်သဘောဆိုတာကတော့
အချိန်ကျရင်အသံတိတ်စကားပြောမှာပဲ
အမှန်ချစ်တာသေချာရင်
အခြစ်မှန်တဲ့သင်္ကေတဖြစ်ဖို့လိုမယ်
ငွေပေးဝယ်လို့ရတဲ့အမှန်ခြစ်တွေအောက်
အမှန်အစစ်တွေပျောက် ပျောက်သွားရတာ
ရင်နာလို့မဆုံးတဲ့ဇာတ်ဝင်ခန်းတွေပဲ
အစွဲကင်းပြီဆိုမှ
သင်္ကေတတွေကို အသက်သွင်းတာကောင်းတယ် ။
ရတုသစ်
1 comment:
အမွန္သေဘာဆုိတာကေတာ့
Post a Comment