လ
ဂငယ်ဖြစ်လိုက်
ဝလုံးဖြစ်လိုက်
ပစောက်ဖြစ်လိုက်
ဗထက်ချိုက်(ချိုင့်)ဖြစ်လိုက်
မမောနိုင် မဟိုက်နိုင်နာရီများ
အတ္တစေစားရာအတိုင်းကုန်ဆုံးကြ
ခုထိ
ဒုက္ခရေသောက်မြစ်ကို
စိုအောင်လုပ်နေကြတုန်း
အရှုံးအစစ်မှာ နိုင်လိုစိတ်ပျောက်ရှ
မနသိကာရတိုင်း
ယောနိသောမဖြစ်တာ အဆိုးဆုံး ။
ရတုသစ်
1 comment:
အလပ်တွေမအားလို့မလာနိုင်တာ...ခုမှပဲကဗျာလေးတွေဖတ်သွား၇ပါတယ်...ကိုရတုကျန်းမာပါစေပျော်ရွှင်ပါစေ
Post a Comment