Thursday, June 20, 2013

ကျွန်တော့် စပျစ်သီးလေး... သို့


ပွင့်ပွင့်လင်းလင်း လွမ်းတယ်
အနမ်းနံပါတ်ရှာမတွေ့သေးတဲ့ ပွင့်ချပ်နှစ်လွှာဟာ
ကာလာ မတင်ဘဲ ရွှန်းမြစိုလက်နေတုန်းလား
သတိရခြင်းများ
ကျည်ဆန်ရထားတွေအတိုင်းလိပ်ပြာလွှင့်ခဲ့ပေါ့
အလွမ်းချော့တေးတို့ ရွိရာ ဆီ ။

ေ၀ရီရီ အလွမ်းဖွဲ့မိုး
အငြိုးတကြီးရွာနိုင်လွန်းရဲ့
အမုန်းမဲ့ ဒိုင်ယာရီလေး သိမ်း၀ှက်ရာ
ရင်သေတ္တာအခန်းလေး
မိုးမိလို့ဆွေးသွားမလား ထိတ်လန့်ရ
အဲဒီနေ့က
အေအးမိသြားတဲ့ ထီးကေလးကို သနားတယ် ။

လွမ်းအားကြီးမိသူတစ်ယောက်မို့
ဘယ်လိုရေသောက်လို့မှ အလွမ်းမပြေခဲ့
လွမ်းစိတ်ပွင့်ေ၀နေတဲ့အခါ
သူဟာ..
၀ိုင်မဖြစ်တော့မယ့်
ကျွန်တော့်ရဲ့ စပျစ်သီးလေးတစ်လုံးပဲ ။

သူ့အပြုံးပွင့်သစ်ဦးနဲ့
ကျွန်တော့်မှာ ပွင့်ပွင့်လင်းလင်းရူးနေရဆဲ နာရီတွေ ။ ။


ရတုသစ်
20062013
2:30 PM

2 comments:

မိုးနတ်ကြယ်စင် said...

ဟိုင်းရှယ် !!!!!
လွှတ်လန်းဗျာ ကိုရွှေရတု :)))

roseayemaung said...

ကို၇တု ရေ
မရောက်ဖစ်တာလဲကြာသွားပြီ
ဒှနေ့ရောက်ခဲ့အားပေးသွားတယ်..ချင်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks