Monday, June 10, 2013

အလွမ်းခါးခါး

အလည်လွန်လရောင်ကိုလိုက်ရှာရင်း
ကြယ်ပျိုးခင်းတွေဆီ ခြေဦးလှည့်မိ
သတိရစိတ်ဟာ
ကြယ်လေးတွေလို မှိတ်တုတ် မှိတ်တုတ်မဟုတ်ဘူး ။

ရူးသွပ်မှုအယ်လ်ဘမ်တစ်ချပ်အပြည့်
မေ့မရခြင်းတွေနဲ့မာတိကာလုပ်ထားရ
တကယ်တော့
ငါ့ရဲ့ဖျားနာနွမ်းရိခြင်းဟာ
မျက်ရည်မိုးမိလို့ဖြစ်ရမယ် ။

ညပျောက်ကြယ်တွေနဲ့ချုပ်စပ်ထားတဲ့ကောင်းကင်ဟာ
လွင်ပြင်အဝါကြီးကို တွေ့ကတည်းက
ပြာစင်မွန်ညက် ဖို့မေ့နေပေါ့ ။

ကိုယ်တိုင်ပြန်ချော့မရတဲ့သူမို့
ဘ၀က
အလွမ်းနဲ့ဓာတ်ပြုခြင်းခံထားရတဲ့သတ္တုဖျော်ရည်လို
ဘယ်အချိုနဲ့ရောလို့မှ အခါးမပြယ်တော့ဘူး...။ ။


ရတုသစ်

1 comment:

ေႏြစကူး said...

ညေပ်ာက္ၾကယ္ေတြနဲ႕ခ်ဳပ္စပ္ထားတဲ့ေကာင္းကင္ဟာ
လြင္ျပင္အ၀ါႀကီးကုိ ေတြ႕ကတည္းက
ျပာစင္မြန္ညက္ ဖုိ႕ေမ့ေနေပါ့

(အားေပးသြားတယ္ ကိုရတုသစ္)

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks