Tuesday, July 9, 2013

ဆုမတောင်းဖြစ်တဲ့ ည


ဒီည
တစ်လောကလုံးအိပ်စက်ပေးရင်ကောင်းမှာပဲ
ကလေးတစ်ယောက်ရဲ့ရိုးသားခြင်းမျိုးနဲ့
ဝှက်ဖဲတွေအချိုးကျဖွင့်ဖတ်နေတယ်
ဘယ်လိုတမ်းမက်မှုမျိုးဆီဦးတည်ရမလဲ
ကုတ်မရတဲ့ဝဲနဲ့ညှီတစို့စို့ဟာ
အတွင်းပုပ်နာ ။

ခန္ဓာအကြောင်းမတွေးသေးဘူး
သစ္စာအကြောင်းမဆွေးနွေးဘူး
ရေးတေးတေးလေးအတိုင်းတွေးရင်းငေးလို့
ငါတို့ကျော်ချခဲ့တဲ့သင်ခန်းစာမှ
အရေးပါတာတွေကျန်ရစ်သလား
ငါတို့ဟာ...
အဖြေမှားလာတဲ့ကျောင်းသားလေးတွေဖြစ်တယ် ။

တစ်ရစ်ချင်း
ညှို့သွင်းခံလိုက် ရတဲ့ဝင်္ကဘာထဲ
လမ်းမှန်ကိုလည်းမရှာနိုင်သေးဘူး

ပဒိုင်းဆူးကိုရဲရဲဆုပ် ရင်း
အ မှောင်တွေ စီးချင်းထိုးနေတဲ့ကမ္ဘာမှာ
"ငါပြဿနာ"ကိုညှိနှိုင်းနိုင်စေဖို့ 
ကြယ်တချို့ ကြွေတာတောင်
ငေးယောင်ယောင်လေးပဲကြည့်ဖြစ်ခဲ့
နွံနစ်နေရာက...ငါ
ဆုတောင်းသံတွေပွင့်အာလွှင့်ထုတ်လို့မရ
ဒီညလည်း
အမှောင်ဝတ်ရုံပဲထည်လဲဝတ်ဖြစ်မှာသေချာတယ် ။

ရတုသစ်
၀၇၀၇၂၀၁၃
ည၇နာရီ၁၀ မိနစ်
(တနင်္ဂနွေကဗျာမြေသား)

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks