Tuesday, August 6, 2013

တစ်ပွင့်ပန်း

{ တစ်ပွင့်ပန်း }


ကြင်နာဖယ် ယိမ်း
သူ-ရှောင်တိမ်းလည်း
ပန်းစိမ်း မပွင့်ခဲ့ဘူးပါ ။

မေတ္တာယွင်းချို့
မုန်းစိတ် ညို့လျက်
ဘာလို့ ပစ်ခွာခဲ့လဲ..ဟင်..။

မညှိုးနွမ်းဘူး
ချစ်စိတ်ကူးထား
ပွင့်ဦးသည်းပန်း လန်းဆဲလေ ။

လာပါ ၊ ယူပါ
ဆွတ််ချူလာလှည့်
သူသာ ပန်ဖို့ ပွင့်ထားတယ် ။

တစ်ဖက်ရင်ခွင်
မပျော်ရွှင်ချိန်
ပြန်ဝင်လာခဲ့ ကမ်းလင့်မယ်
ပန်ဆင်လာလှည့် ပန်းဝင့်ထည်(ထယ်) ။


ရတုသစ်
01082013

1 comment:

yinminkhine said...

အိပ်မက်ရုပ်ကြွင်း
ခါခါငြင်းလည်း
အတင်းတွယ်ငြိ
ရင်ကို ဖိသည်
စိတ် ဝေရီ ။

ရတုသစ်ရဲ့ကဗျာလေးတွေဟာ
ကဗျာ ၀ိညာဉ်ချင်း
ပူးပေါင်းနွေးထွေးနိုင်ပါပေတယ်..
ကဗျာတွေအားလုံးခံစားဖတ်ရှုခဲ့ပါတယ်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks