Friday, June 20, 2014

မြတ်ဘုရားထံတော်၀ယ်

မြတ်ဘုရားထံတော်ဝယ်


🔳


မက်ဆေ့ချ်ဟောင်း

ပြန်ပြောင်းလို့ဖတ်မိလျှင်


ဘယ်ရင်အုံကျွမ်းရှရှ

လွမ်းတ,တုန်ရင် ။


ဘုံတစ်ခွင်

ကြုံချင်တော့ဘူး လွမ်းဒဏ်များ


လောင်ကျွမ်းရန်အားမရှိပြီကွယ့်

ထားကတိကိုမျက်ကွယ်မပြုနိုင်လို့

တစ်သက်ဝယ်ပျက်ပြယ်မသွားပါကြောင်း့

လက်ဆယ်ဖြာဦးတင်သ,ပါပေါ့

ဖူးမြင်ကာ ရှေ့တော်မှောက်ကို

ရောက်ခဲ့ပြီဘုရား ။ ။


                         ရတုသစ်

                      26012014

                        11:35AM


မိုးဒုက္ခ

*မိုး ဒုက္ခ*


မိုးရွာ ဗွက်ပေါက်

အာရုံနောက်

တောက်ခေါက် အံကြိတ်

မိုး မတိတ် ။


မိုး ရွာတိုင်း လွမ်း

စိတ် ပင် ပန်း

ရင် နွမ်း လူး လှိမ့်

တ သိမ့် သိမ့် ။


မိုး ရွာ ဖြဲ ဖြဲ

စွတ် စို ဆဲ

ရင် ထဲ ဖိန့် ဖိန့်

လွမ်း စိမ့် စိမ့် ။


* ရတုသစ်

           16092013

             7:05 pm

Monday, June 16, 2014

ကမ္ဘာပျက်ခြင်းနေ့စွဲ

"ကမ္ဘာပျက်ခြင်းနေ့စွဲ"


အကျင့်ပျက်ခြစား ရေစီးကမ်းပြို မိုးတိမ်အဝါ

လေယူရာတလွင့်လွင့် ရယ်သံပေး လိပ်ပြာတောင်ပံ

မနက်ဖြန်ပေါင်းများစွာအခြေအနေရေမျောနွံနစ်

လိပ်ဖြစ်ပြီးမှအမြန်လမ်းမကြီးကိုအိပ်မက်မက်ခြင်း

အိမ်ပြေးများစိတ်လိုလက်ရတစေၦခေါ်သံသချုၤ ိင်းမြေ

ကမ်ဘာ့ကြမ်းပေါက်ကြီးထဲ ငရဲရှစ်ထပ်ဟပ်ချိုးမြည်သံ

ချောင်းဟန့်သံတဝုန်းဝုန်းမှာ အပြုံးအမဲ့များရဲ့သိက္ခာ

ကြက်ဥအစရှာမရသလို တဝေ့ဝေ့ လုံးချာလည်ပြီး...

နောက်...

ဆက်လက်ထွက်ခွါရန်...

အကြောင်းအရာ ရှာမတွေ့သူ။ ။


                                     ရတုသစ်

                                  ၁၃၀၆၂၀၁၄

                                 မွန်းလွဲ ၁၂း ၀၃ နာရီ

မျောလွင့်


မျောလွင့်
🔳

တစ်တိမ်ပေါ် တစ်တိမ်ဆင့်ထားတဲ့ ကောင်းကင်
ပြာလဲ့မိုးသားနောက်ခံ ကင်းဗတ်စ် အကျယ်ကြီး
စိတ်အနည်မထိုင်သေးသောအိပ်မက်ပြတင်းများ
ညကြိုညကြားထဲပြုတ်ကျနေတဲ့အတွေးအခွံတွေ
မီးခိုးညွှန်ရာမီးခိုးဖြစ်စေ စီးကရက်ထိပ်ဖျားလေးဆီ
အနုသယချင်းခေါင်းချင်းဆိုင် တိုက်မိမလိုဖြစ်သွား
မနက်ဖြန်ကို မနေ့ကနဲ့စီးချင်းထိုးပြီး ဒီနေ့အတွက်
မက်မက်စက်စက်လက်ဖက်ရည်မျက်နှာကြောမှာ
သိင်္ဂါရက အလှည့်အပြောင်းများခဲ့သလိုလို။ ။

ရတုသစ်
16062014
2:47PM

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks