Monday, June 16, 2014

မျောလွင့်


မျောလွင့်
🔳

တစ်တိမ်ပေါ် တစ်တိမ်ဆင့်ထားတဲ့ ကောင်းကင်
ပြာလဲ့မိုးသားနောက်ခံ ကင်းဗတ်စ် အကျယ်ကြီး
စိတ်အနည်မထိုင်သေးသောအိပ်မက်ပြတင်းများ
ညကြိုညကြားထဲပြုတ်ကျနေတဲ့အတွေးအခွံတွေ
မီးခိုးညွှန်ရာမီးခိုးဖြစ်စေ စီးကရက်ထိပ်ဖျားလေးဆီ
အနုသယချင်းခေါင်းချင်းဆိုင် တိုက်မိမလိုဖြစ်သွား
မနက်ဖြန်ကို မနေ့ကနဲ့စီးချင်းထိုးပြီး ဒီနေ့အတွက်
မက်မက်စက်စက်လက်ဖက်ရည်မျက်နှာကြောမှာ
သိင်္ဂါရက အလှည့်အပြောင်းများခဲ့သလိုလို။ ။

ရတုသစ်
16062014
2:47PM

1 comment:

စံပယ္ခ်ိဳ said...

စကားလုံးတိုင်းမှာ စဉ်းစားစရာပဲရခဲ့တယ်။
ကဗျာတွေ အရေးကျဲနေသလားနော်

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks