ဇွန်
🔳
မိုးထဲလေထဲ
စိတ်ကို လာထွန်ယက်ခဲ့သူ
လောကအမွန်ဆီ ငါ့ကို အလည်ခေါ်ပါ
အိပ်မပျော်သူရဲ့ ကောင်းကင်ကြီးဟာ
ငါ့ဆီ တအိအိပြိုကျလာခဲ့
ညနဲ့အမှောင်ကို
အိပ်ချင်ယောင်ဆောင်ပြီး စောင့်ဖမ်းမိသူလို
ငါ့ကိုယ်ငါ အိပ်မက်ပေးခဲ့ပြီ
ဇွန်...
နှလုံးသားမှာ လျှပ်စီးလက်ပါ
ရင်ခုန်သံကို ကြိုးညှိပေးပါ
ငါ အေးအေးဆေးဆေး မိုးမိချင်လို့ ။ ။
ရတုသစ်
28082014
4:41PM
Posted via Blogaway
No comments:
Post a Comment