Wednesday, August 26, 2015

ဖြေဆိုနေရတဲ့ ဘဝအဘိဓမ္မာ


ဖြေဆိုနေရတဲ့ ဘဝအဘိဓမ္မာ
_____________________

ကမ္ဘာ့တစ်ဖက်ခြမ်းမှာ
ရေတွေခန်းခြောက်လို့ သောက်စရာတောင် မရှိ
ကမ္ဘာ့တစ်ဖက်ခြမ်းမှာ
ရေတွေချောက်လှန့်လို့ ပြေးစရာ မြေမရှိ

ဒုက္ခပင်လယ်ဝေကြသူချင်းအတူတူ
လူစိတ်မရှိတဲ့ အစိုးရလက်အောက်မှာ လူဖြစ်ခဲ့ရ
ဘဝတွေက မြန်မာနိုင်ငံသားဖြစ်ရတာကို
နာကျင်စရာ
ဘဝတွေက အစိုးရဆိုးနဲ့တွေ့နေရတာကို
ကြေကွဲစရာ

ဘယ်မှပြေးစရာမရှိတော့ ရေထဲဆက်ပြေးရတယ်
ဘာမှယူမသွားနိုင်ခဲ့တော့ အသက်ကလေးပါ ထားခဲ့ရတယ်

သိကြားမင်းရဲ့ကျောက်ဖျာဆိုတာလည်း
ဒီအချိန်ထိ ရေခဲတုံးဖြစ်နေတုန်းပဲ
ဘိုးမာဃရဲ့ ဝရဇိန်ဆိုတာကလည်း
အခုထိ သံချေးတက်နေတုန်းပဲ

ဘယ်သူတွေ မိုက်လုံးကြီးကြီး
ငါတို့ပြည်သူတွေ
အရှုံးဖက်က အမြဲရှိခဲ့ကြပါတယ်။

ရတုသစ်
02082015
4:42PM



No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks