Sunday, December 13, 2015

မန္တလေးတောင်

မန္တလေးတောင်


_____________________


လေးဘက်လေးတန်

မြင်မြင်သမျှသွေ့ခြောက်လို့

နွေရာသီတစ်ခုလုံး

သူတစ်ယောက်တည်းမျိုချထားရသလို

ဟန်မူရာပိုပိုနဲ့

အလိုလိုစိတ်ဝင်စားစရာကောင်းနေခဲ့

ကျောက်လွှာအထပ်ထပ်ပေါ်မှာ

ရေဓာတ်ခပ်ပါးပါးနဲ့

ခပ်တည်တည်ကြိုးစားပြီး ရပ်နေသေးတယ်

သူ့ကိုယ်ပေါ်မှာ

ထမ်းတင်ထားသမျှအရာအားလုံး

ချိုမြမြနဲ့ပြုံးကြည့်နေတတ်သေးရဲ့

အဝေးက လှမ်းကြည့်ရင် လှပပြီး

အနီးကပ်ကြည့်ရင် ပူပြင်းစရာ

ဒါပေမဲ့ သူဟာ

ကမ္ဘာကျော်နေဆဲအသက်ရှည်ဆေးတစ်ခွက် ။ ။


                               ရတုသစ်





အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks