နွေဆိပ်ကမ်း
________________
မှတ်တိုင်ကျော်ပြီး ပါလာတဲ့
ရော်ရွက်တစ်ဝါ
ဘူတာမှားပြီး ဆင်းမိတဲ့
သစ်ခြောက်တစ်ကိုင်း
ရင်ခုန်သံမှားပြီး နားထောင်မိတဲ့
နားရွက်တစ်ရွက်
စိတ်ကူးလည်း စိတ်ကူးအတိုင်းရှိစေ
လက်တွေ့လည်း လက်တွေ့အတိုင်းရှိစေ
မျက်ရည်ကို လမ်းမမှားအောင် စီးဆင်းတတ်ဖို့
ဆိပ်ကမ်းက ပို့ချပေးလို့ ဖြစ်နိုင်မလား
ရေစက်ချချိန်မမီလည်း
အမျှဝေချိန် ကွက်တိရောက်လာလို့
ဒီကျွတ်တမ်းက လှလှပပ ဝင်ပါတယ်
မမေးဖူးသော ပုစ္ဆာမှာ
မဖြေဘဲရတဲ့ အဖြေတစ်ခုရှိကြောင်း
ဥသြလေးထံ သက်သေထူခဲ့တယ်။
#ရတုသစ်
29112025
9:45PM

No comments:
Post a Comment