- အကန့်အသတ်မဲ့ အလွမ်းတွေနဲ့..
အစီအစဉ်မဲ့အိမ်မက်မြစ်ထဲ..
ဝေ့..၀ဲ..မျော..ပါ..
အတိတ်မှာကျန်ရစ်တာက..မရေရာမှုများ...။။။
- ခပ်ပါးပါးအလွှာအောက်က အသဲ..
တွေ့ရဦးမယ့်ဝေဒနာဒဏ်ချက်တွေက
ကုစားလေ..ပိုဆိုးလေ..ဖြစ်နေရဲ့..။။။
- ရီဝေေ၀ နေညိုချိန်များ...
အရူးတစ်ပိုင်း အိပ်ပျက်ညများ..
ခံစားရခက်လွန်းတဲ့ မနက်ဖြန်ခါးခါးများ..
ကျော်လွှားဖို့ခက်လွန်းလှပေါ့..။။။
- ငါ..ကခဲ့တဲ့ အလွမ်းဇာတ်က
နှစ်ပါးသွား မဆုံးခင် ကန့်လန့်ကာချ
မလှပတဲ့ ဇာတ်သိမ်းခန်းက..
ငါ့ အလွမ်းကိုအရောင်ရင့်စေခဲ့တယ်..။။။
- ဆို့..နင့်..ကြေ..ကွဲ..
နိဂုံးမဲ့ ဇာတ်မျော ကြီးထဲမှာ...
ဆွဲထည့်ထားတဲ့ ငါ့ ကံကြမ္မာကို
ရင်ပြိုအောင်..မုန်းတယ်..။။။
- ဗုန်းဗုန်းလဲနေတဲ့ အနာဂတ်..
အနာရနေတဲံ့နှလုံးသားနဲ့..
အလွမ်းသမားတစ်ယောက်ကို ကယ်တင်ဖို့
ဘယ်ရင်ခွင်ကမှ လက်လှမ်းချင်မှာ မဟုတ်ဘူးလေ..။။။။
- ရှိပါစေတော့....
ငါ့ သင်ခန်းစာတွေနဲ့..ငါ..။။။
- ထားလိုက်ပါတော့...
တန့်ရပ်နေတဲ့နှလုံးသွေး အေးအေးတွေထဲမှာ...။။။
===Yatu Thit====
20/06/2012/ 8:42 pm wednesday

No comments:
Post a Comment