Tuesday, August 21, 2012

မသေ​သော...အလွမ်း


မင်း..မရှိတော့ဘူးဆိုတာ..လက်ခံလိုက်ဖို့
ဝေစို့နေတဲ့မျက်၀န်းတွေက
ဆန္ဒပြနေဆဲပါ..မေ..။။။
တို့ဆောက်ခဲ့တဲ့အိမ်ကလေးက
အသေးအကြီးခွဲခြားမရတဲ့..မေတ္တာအိမ်..
ဘယ်အချိန်ကြည့်ကြည့်..ရှိလို့နေဆဲပေါ့..
ချော့မော့သူပျောက်နေတဲ့ကလေးတစ်ယောက်လို
''ငါ..ငိုနေတာနေ့တိုင်းပဲ''လို့
ပြောဖို့..မင်းမကြားနိုင်တော့ဘူးလေ...။။။
ရက်စက်ခြင်းတရား...ရေ
မင်းမွှေလိုက်တဲ့ ဂယက်က
လူတစ်ယောက်ရဲ့ မနက်သစ်တိုင်းကို
အပိုင်းပိုင်းဖြတ်ချွေလို့..
သေစေအမိန့်ထက်ပြင်းတဲ့..
ခပ်မျှဥ်းမျှဥ်း...တငွေ့ငွေ့...
ဆွေးမြေ့နေတဲ့လူတစ်ယောက်ရဲ့..ရင်ထဲကို
ဖွဲမီး၀င်ထည့်ပေးလိုက်သလိုပါလားကွယ်..။။။
တစ်ခါတစ်လေယောင်ယောင်နိုးတဲ့
ငါ့ရဲ့ စိတ္တဇညဆိုးတွေက
ဘယ်အချိန်မှ..ေ၀းရမှာလဲ.?
မင်းမပါတဲ့နေ့သစ်တွေက
လောင်မီးကျနေတဲ့ ဘ၀ငရဲဆိုတာ..
မင်း သိမသြားတာ ဆိုးတယ်..။။။
''အချိန်ဆိုတာ..သမားတော်''တဲ့
မှန်ခဲ့သလောက်တော့ မှန်ပေမယ့်
ကျွမ်းမြေ့နေတဲံ့ အလွမ်းသမား..ငါ့ကိုတော့
လက်လျှော့ရလိမ့်မယ်..။။။
တကယ်တော့ ..ငါ့အလွမ်းဟာ
ရာဇ၀င်တွင်အောင်လွမ်းမဲ့အလွမ်းထက်..
နက်နက်ရှိုင်းရှိုင်း...လွမ်း..
တမ်းတမ်းတတ...လွမ်နေလို့..
ကမ္ဘာကြေပေမဲ့..အလွမ်းမကျေ.
သြော်..ငါ့ရဲ့..အလွမ်းက မသေပါဘူး..မေ..။။။

====YATU THIT====
(20.6.2012...WEDNESDAY..3း01 PM)

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks