Tuesday, August 21, 2012

မဖတ်ဖြစ်တဲ့..စာများ


တတိတိနဲ့..တအိအိရွေ့လာနေပေါ့
လူပြိုသံများ...။

ချဲထွင်ရေးတပ်ရဲ့ ရှေ့တန်းထိုးစစ်ကြောင့်
တစ်ဆုတ်တည်းဆုတ်နေရတဲ့ ကျွန်းပင်တွေ..
ကြက်ဆူပင်ကို အားကျရကောင်းမှန်းသိလာချိန်..။

တည့်တည့်ချိန်ပစ်တာတောင်
တည့်(ဒဲ့)လွဲလွဲသွားတဲ့ပစ်မှတ် တစ်ချို့အတွက်
အိပ်မက်တွေက သေပြီးရင်း..သေ..။

ကမ္ဘာကြီးတစ်ခုလုံးအသက်ငင်နေမှတော့
ချောင်းဆိုးသွေးပါရုံဆိုပြီး..ဧရာဝတီကို သတိမပြုမိကြဘူး..
အသက်ဟာ.. ချောင်းဆိုးသွေးပါရင်လဲ ..
သေဆုံးတတ်ပါတယ်..။

ပြန်နှုတ်လို့ရမယ်အထင်နဲ့..ရဲရဲကြီး..
နင်းချပစ်ကြတဲ့ ဘောင်မဲ့ အကွပ်မဲ့ လေလုံးများ..
လူသေပေမယ့် သမိုင်းကျန်တယ်..
ကောင်းခြင်း/ဆိုးခြင်းဒွိဟနဲ့ ဒွန်တွဲပြီး..။

ထင်ပါတယ်...ဟုတ်လဲ ဟုတ်မှာပါ..
ဆော့ခရတ္တိသောက်တဲ့ အဆိပ် ချိုခဲ့ပေါ့
သစ္စာအတွက်..သူ့လောက် ဘယ်သူစတေး မလဲ..။

တိမ်တစ်အုပ် ဖြစ်ထွန်းဖို့ ..
ရေ ဘယ်နှလီတာ လိုအပ်ပါ့
သမိုင်းကလူကို ပြန်ရေးနေတဲ့ ခေတ်မှာ
တွက်ကိန်းတွေလဲ ကသောင်းကနင်းဖြစ်သွားပြီ..။

အဟောင်းအမြင်းတွေပဲ ထပ်နေလို့ မျက်နှာလွှဲခဲ့တဲ့
အရေးသတင်းများ....
တစ်နေ့ကမှ ပြန်နားစွင့်မိ
ခရိုနီ..အရေး..ဒု-သမ္မတ..အရေး က
ဆင်ဖြူတော်တံဆိပ်တစ်ရွက်စာဖြစ်သင့်တဲ့
ကမ္ဘာကျုံ့  ပစ္စည်းလေးတွေရဲ့ အရေးထက် ကျော်တက်သွား..
..............................................................
နာဖျားလာတဲ့ စတုတ္ထမဏ္ဍိုင်က
ဆေးခါးကြီး တိုက်ရုံနဲ့ ပျောက်မယ်.. မထင်
ပေးပါ..ပေးပါ..ဆေးပေးပါ..
နင့်နဲကွဲအက်..အော်သံများ..
............................................
.............................................
တော်ပါပြီ...
အေသင်ချိုဆွေလိုပဲ..
” ဒီစာကိုဖွင့်လို့ မဖတ်တော့ဘူး..
  ဒီစာကိုဖွင့်လို့ မဖတ်ချင်တော့ဘူး” လို့
အကြိမ်ကြိမ် အော်ဟစ် ပစ်လိုက်ချင်ပါပြီ..။

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks