Tuesday, August 21, 2012

လမင်းတစ်စင်း ပျောက်တဲ့လမ်း


ရယူပိုင်ဆိုင်ခွင့်နဲ့
မမျှော်လင့်ခဲ့ဘူးပါ..
ဒါပေမယ့်..
တစ်ခါတစ်ရံ လွင့်မျော ငေးမောခဲ့ဘူးတယ်..။

ရူးသွပ်ခြင်းသစ်တစ်ပင်ကို
ကိုယ့် ဥယျာဉ်မှာ ကိုယ်တိုင်စိုက်ရင်း
မိုက်မဲခြင်းသံစဉ်တေးနဲ့
မရင့်ကျက်သေးတဲ့ ကဗျာတစ်ပုဒ်
ငါ့ အသဲမှာငုတ်ရိုက်ပြီးချိတ်ထားခဲ့..။

အနာတရမဖြစ်ရပေမယ့်..
တွေဝေစေမယ့် အမှတ်တရတွေက
ငါ့ ညတွေကို အရောင်ဆိုးကြတော့မှာလား..။

လွင့်လွင့် လူးလူး.ပျော်မြူးနိုင်ပါစေ..
ကမ္ဘာဦး ဂီတ တစ်ခုနဲ့
ဆက်နွယ်မှုဝေးတဲ့ ထောင့်ကွေးမှာ
ငါ..ဆုတောင်းပေးနေမိမယ်..ထင်တယ်..။

အမှတ်တမဲ့ ပြေလမ်းတစ်ဝိုက်က
တိုးတိုက်မှု တဒင်္ဂ
ဖြာဝေကျလာတဲ့ ခရမ်းလွန်ရောင်ခြည်များ
ငါ့ အသဲကို စားသွားစမ်းပါစေ..
ပျားရည်မြစ်တစ်စင်းရဲ့ ..အဝေးကို
ငါ....ပြေးမယ်..။

ဘ၀ပေးနယ်နိမိတ်က
ငြိမ်ဆိတ်ဆိတ် ပန်းသီးတစ်လုံးကို
အသွားတုံး ဓားတစ်လက်နဲ့..ရိုက်ချ..
္ဒ"အနောက်က..နေထွက်ခြင်း"တွေ
ကြိုးချင်းမလိမ်ခင်
ပုံပြင်တစ်ပုဒ် နိဂုံးရောက်ခဲ့
ပျောက်ဆုံးတော့မယ့် လတစ်စင်းကို
နွမ်းလျရင်းနဲ့..စွန့်ခွါ..
မျက်နှာကို..ရဲရဲ လွှဲရင်း
ငါ့  အသဲ ငါ စစ်ကြေငြာမိ
ဖြေဆေး သိတဲ့တစ်နေ့..
လမိုက်ညတွေနဲ့..ရင်ဆိုင်တွေမယ်..။

တန်ဖိုးနဲ ဘောလ်ပင်န် တစ်ချောင်း
ခပ်ဟောင်းဟောင်းစာတစ်ရွက်နဲ့
အိပ်မက်အပိုင်းအစတွေကို
ုပြန်တူးဆွရှာဖွေရင်းပေါ့...။

***Yatu Thit***6/1/12...2:10 PM

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks