Tuesday, August 21, 2012
နတ်မိမယ်
  • မင်း..မျက်ဝန်း
    လဲ့ရွှန်းဝင်းလက်
    ဆွဲညှို့ချက်မှာ
    အသက်ရှူမှား
    စိတ်လှုပ်ရှားသည်...
    ငါ့အား..ဘယ်လို ဖြစ်မှန်းမသိ..။
  • မင်း..အပြုံး
     နှလုံးအသဲ
     ငင်ယူဆွဲသော်
     ရင်ထဲနွေးသွား
     ညှို့ငင်အား ကို
     ဖယ်ရှား..ပစ်ရန် အင်အားမရှိ..။
  • မင်း..အလှ
     တုပမရှိ
     ငါထင်မိသည်
     နတ်မိမယ်လား
     အလှများဖြင့်
No comments:
အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ
Free Backlinks