- တစ်စက်တစ်ပြောက်..ဖြိုးဖြောက်ဖြောက်နှင့်
လွင့်ပျံေ၀၀ါး..စိတ်ထွေပြား၍
ထင်းမှားတမ်းတ..မှန်းကာဆလျက်
အလှသက်လျာ..ပြန်၍လာသို့
စိတ်မှာထင်မိ..ထ၍ကြည့်လည်း
မရှိ..မရှိ..သူမရှိသည်..
မချိတင်ကဲ...ခံစားမြဲ..။
- နှင်းမြူဖြန့်ကြဲ..ပျံကာဝဲသည့်
လွမ်းခြုံရစ်သိုင်း..နှင်းငွေဆိုင်းမှ
စိုထိုင်းအေးစက်..နှင်ရည်စက်တို့
တစ်စက်တစ်ပေါက်..ကြွေကာရောက်၍
ဖြောက်ဖြောက်မြည်သံ..ငါကြားပြန်သော်..
ငါ့ထံ ပြန်လာ..ချစ်သက်လျာ၏
အသာလာရောက်..တံခါးခေါက်သို့
စိတ်ဖောက်ပြန်ငြား..ထင်မိမှား၍
တံခါးဖွင့်ကြည့်..သူ..မရှိသည်..
လွမ်းမိရင်ထဲ...ပူလောင်ဆဲ..။
- ရော်ဝါရွက်ကြွေ..လွမ်းဖွယ့်နွေမှာ
မှားယွင်းတွေးကာ..ချစ်သက်လျာ၏
သာယာညင်းညင်း..ရယ်နေခြင်း ဟု
စိတ်တွင်းထင်ဘိ..ပျော်ရွှင်မိကာ
ဖွင့်ကြည့်တံခါး..ငါ ရှုစားသော်..
မှုန်ဝါးရီဝေ..စိတ်ရှုပ်ပွေလျက်
ညလေပြည်သာ..ထိတွေ့လာ၏
သူ..မ၇ှိသည်...
ကြွေမည့်ရင်ထဲ..နွမ်းအသဲ...။
******Yatu Thit****
၁၃၆၆ ခုနှစ်..နတ္တော်လဆန်း (၇)ရက်...စနေနေ့။။။။(ည..၁၁း၁၅)

No comments:
Post a Comment