ဒီမေးခွန်းကိုဖြေတဲ့ ကျွန်တော့်ရဲ့အဖြေက ခြွင်းချက်မဲ့ပြီး ပြည့်စုံတဲ့အဖြေ မဖြစ်နိုင်လောက်ဘူးဆိုတာကိုလည်းကြိုတင်အသိပေးထားလိုပါတယ်။ ကဗ်ာကို ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်ရှုထောင့်နဲ့ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုနေကြ တဲ့အထဲက သမုတိသဘောတစ်ခုလို့သာ သဘောထားကြစေချင်ပါတယ်။
ကဗျာဆိုတာ ဘာလဲ။
ကဗျာဆိုတာ-
၁။ ကဗျာမဆန်ရဘူး။
(ကဗျာမဆန် ဆန်အောင် ဇွတ်လုပ်နေကြတယ်။)
၂။ ဝေါဟာရ ဖက်ရှင်ရှိုး မဟုတ်ဘူး
(စကားလုံးနွံထဲ နစ်နေကြတယ်။)
၃။ နက်ရှိုင်းရမယ်။
(အနှစ်မပါဘဲ အဆံချောင်နေတာ တွေ့ရတယ်။)
၄။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။
(ဖန်တီးမှုမဟုတ်ဘဲ ၀ိုးတိုးဝါးတား ဖြစ်နေတယ်။)
၅။ ရိုးသားရမယ်။
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်။)
၆။ သစ်လွင်ရမယ်။
(မဲပြာပုဆိုး မဖြစ်ရဘူး။)
၇။ ဣနြေ္ဒရှိရမယ်။
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာကင်းမဲ့နေတယ်။)
၈။ ခွန်အားရှိရမယ်။
(ပျော့ညံ့ချည့်နဲ့မနေဘူး။)
၉။ တီထွင်မှုရှိရမယ်။
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး။)
၁၀။ ကိုယ်ပိုင်ဟန်ရှိရမယ်၊ ဆန်ရဲရမယ်။
(နာမည်ကြီးတဲ့လူနောက်၊ ရေစီးကြောင်းနောက် လျှောက်လိုက်နေကြတယ်။)
၁၁။ အပြည့်အ၀ လွတ်လပ်မှုရှိရမယ်။
(ကဗျာနဲ့ပတ်သက်ပြီး ငွေကြေးမျှောင်လင့်ချက်ထားသူအင်မတန်နည်းပေမဲ့ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့ အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ်ပဲ ငြိနေတတ်ကြတယ်။)
၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ်။
၁၃။ ကာလနဲ့ ဒေသသဘောက ကင်းလွတ်နေရမယ်။
ဒါတွေက လတ်တလောစိတ်ထဲရှိတာလောက် ပြောလိုက်တဲ့ ကဗျာရဲ့ ယေဘုယျလက္ခဏာ(ဒါမှမဟုတ်) ကဗျာ ဂုဏ်ရည်တချို့ပေါ့။
No comments:
Post a Comment