Tuesday, August 21, 2012

..............သို့


*ဆောင်းအိပ်မက်..
  လွမ်းရက်ရယ်ရှည်...
  လွမ်းငွေ့ဝေတော့
  လွမ်းတွေစုကာ
  လွမ်းကဗျာနဲ့
  လွမ်းနာကျရင်း
  လွမ်းစီးဆင်းမှ
  လွမ်းချင်း..ဖြစ်ကာ
  လွမ်း..လွမ်း..လာသည်..
  လွမ်းတာ..နေ့တိုင်းဖြစ်နေပြီ..။

*ထာ၀ရ..
  ရင်မှရစ်တိုး
  ရင်ခွင်ကြိုးက
  ရင်ကျိုးမတတ်
  ရင်မှာပတ်လဲ
  ရင်မှတ်တမ်းဖြစ်
  ရင်ခွင်စစ်မှ
  ရင်နှစ်အသဲ
  ရင်မလွဲပြီ...
  ရင်ထဲသစ္စာ..ကမ္ဘာတည်..။

*ဆောင်းသစ္စာ..
 ဝေးရာဆုံမှတ်
  ဝေးနေရပ်က
  ဝေးတတ်သည့်ကံ
  ဝေးအောင်ဖန်လဲ
  ဝေးရန်မမြင်
  ဝေးရင်ခွင်မှာ
  ဝေးချင်ဝေးစမ်း
  ဝေးက..မှန်းရည်..
  ဝေးလွမ်း..လွမ်းရင်း..ဖြေသိမ့်မည်..။

ရတုသစ်

***********************************
******Yatu Thit********




No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks