* အထိန်းအကွပ်မဲ့နေတဲ့စိတ်ကူးနဲ့
တိမ်းမူးပျော်ရွှင်ချင်မိတဲ့.ညနေ
လေပြေတစ်ချက်အငြိမ့်မှာ..
တသိမ့်သိမ့်...တုန်..
ငါ့ရင်အစုံက..ဇက်သပ် မရတဲ့ မြင်းရိုင်းတစ်ကောင်ဖြစ်သွားပေါ့။
* တိုက်ဆိုင်ခြင်း အမျိုးမျိုးထဲမှာ..
အသည်းပေးထားရသူတစ်ယောက််ကို..
နောက်တစ်ယောက်နဲ့............။
ဒီ တိုက်ဆိုင်ခြင်းလောက်..ဖရိုဖရဲနိုင်တာ
ငါ့ ကမ္ဘာမှာ..ဘာရှိတော့မလဲ..။
* ပြာပြာသလဲဖြစ်သွားတဲ့ စိတ်အစဉ်က
ပျော်ရွှင်မှုတွေအကုန်လုံး ရိတ်သိမ်းသွားခဲ့
ခွန်အားမဲ့ နေတဲ့ခြေလှမ်းတွေနဲ့ အတူ
ငါ..မျက်နှာမူရာ အရပ်တိုင်းနေထွက်နေတာတွေ့ရတယ်.။
*အချစ်..အကြင်နာ..မေတ္တာ..
ဘာတွေ..ဘာတွေလဲ..?
ခိုင်မြဲမယ်ထင်ထားတဲ့ သစ္စာပန္နက်က
ကျိုးပဲ့..ပြတ်ကြွေသွား
နှလုံးသားမပါတဲ့ ရင်ဘတ်ကြီးနဲ့
လောကကြီးကို ဟားတိုက်ပြခဲ့ရပြီ..။
* ''လောကမှာပျောက်သွားတဲ့ ချစ််််််််််််််််သူကိုရှာရခြင်းထက်..
နှလုံးသားထဲက ပျောက်ဆုံးသွားတဲ့ချစ်သူကိုရှာရခြင်းက
ပိုခက်တယ်..''တဲ့.
ကြားဖူးခဲ့တဲ့ ဒဿနလေးက
ငါ့ ဘ၀နဲ့ တည့်တည့်တိုးခဲ့ပေါ့..။
ချော့မော့ဖြောင်းဖျ လို့မရတော့တဲ့ နှလုံးသားက
တဆင့်ကြားမဟုတ်တဲ့ တိုက်ရိုက်မြင်ကွင်းအတွက်
ချစ်ခြင်းတွေ တဗုန်းဗုန်းလဲခဲ့..
ယိုင်နဲ့သွားတဲ့ ငါ့ မေတ္တာ တရားအတွက်
အလျော်အစားက ..ဘယ်မှာလဲ?
ကြေကွဲနေဆဲ အနာဂတ်မှာ..
သစ္စာမဲ့တဲ့ ချစ်သူတစ်ယောက်
ကျပျောက်သွားတာကို..
ချိုမြိန်လိုက်ရုံမှ..တစ်ပါး....။
(p:s)အဲဒီညနေက ပျောက်သွားတဲ့ ချစ်သူကို ဘယ်တော့မှ လိုက်ရှာမည်မဟုတ်ပါ..။
ရှာလို့လည်း တွေ့နိုင်တော့မည်မထင်ပါ။ အဘယ့်ကြောင့် ဆိုသော်...နှလုံးသားထဲကပျောက်ကွယ်သွားသောကြောင့်..ဖြစ်ပါသည်..။
ရတုသစ်
No comments:
Post a Comment