ရထားသံတွေရဲ့ ခြောက်လှန့်မှုက..
မင်းဆီပြန်ချင်နေတဲ့ ..စိတ်ကို..
ထက်သန်စေလို့...။
ရင်ခွင်ဝေး ခရီးတစ်ခုမှာ
အလွမ်းတွေရဲ့ ပြုစားချက်က..
ဖြေသိမ့်ရခက်လွန်းလို့...။
နှလုံးသားစာမျက်နှာပေါ်က
မင်းရဲ့..ပုံရိပ်မဲ့ လက်ရေးလေးတွေကို..
နေ့တိုင်းပြန်ဖတ်ချင်နေလို့...။
တကယ့် ထာဝရမဟုတ်ပေမယ့်
ထာဝရလို့ သတ်မှတ်ပြီး
ပုံအပ်စိုက်ထူဖူးတဲ့ သစ္စာမဏ္ဍိုင်လေးက
ယိုင်နဲ့သွားမလား..စိုးရိမ်လို့...။
မခို့တရို့အလွမ်းရဲ့ ကျီစယ်မှုမှာ.
မစို့မပို့ မျက်ရည် မဟုတ်တဲ့
အလွမ်းမျက်ရည်မြစ်တစ်စင်းက
နေ့တိုင်းစီးဆင်းနေတယ်..ဆိုတာ..
မင်းသိနိုင်ခဲ့မယ်ဆိုရင်..
ငါ့ရဲ့ အလွမ်းအသင်္ချေကို
မင်းရဲ့..သိတတ်မှု တဒင်္ဂလေးနဲ့..
ငါ..ချေပ ပစ်လိုက်နိုင်ပါတယ်..။
***Yatu Thit***

No comments:
Post a Comment