Tuesday, August 21, 2012

ရင်ခွင်မဲ့..အလွမ်း


တမ်းတသူမရှိတဲ့လူတစ်ယောက်အတွက်
ညနက်နက်တွေဟာ..အဖော်ပဲပေါ့..
မြှူချော့ချွေးသိပ်..အငိုတိတ်အောင်..
ဘယ်လိပ်ပြာလှလှလေးတွေက
တေးဆိုပြမှာလဲလေ..။
လွမ်းတာတောင်..ပီပီပြင်ပြင်မလွမ်းနိုင်တဲ့
ရင်ခွင်မဲ့ အလွမ်းသမားတစ်ယောက်လောက်..
ချောက်ခြားစရာကောင်းတဲ့သူ..ရွိပါ့မလား..။
အလွမ်းတွေသာ..ရနံ့ရှိခဲ့ရင်
ငါ့ဥယျာဉ်တစ်ခုလုံး..အလွမ်းနံ့တွေဖုံးနေမှာ..
အခုတော့...........။
ရနံ့မဲ့အလွမ်း...
ရင်ခွင်မဲ့အလွမ်းနဲ့...
ကမ်းကပ်စရာမရှိတဲ့..လှေတစ်စင်းလို..
ပျော်ရွှင်ခြင်းကင်းမဲ့နေတာ....
ဘယ်သူကသိနိုင်မှာလဲကွယ်..။
အထီးကျန်နေသူတစ်ယောက်အတွက်
မျက်ရည်ဟာ..ကဗျာတစ်ပုဒ်ဖြစ်မယ်ဆိုရင်..
ငါ့အတ္ထုပ္ပတ္တိတစ်ခုလုံး..
ကဗျာတွေနဲ့ဖုံးလွှမ်းနေတော့မှာပဲ..။
ပျောက်ဆုံးသွားတဲ့..ငါ့၀ိညာဉ်လေးရေ..
အလွမ်း၀င်္ကပါ ကြီးထဲမှာ..လည်နေသေးသရွေ့
ငါ..မင်းကို..မေ့လို့မရနိုင်ဘူးကွယ်..။
တကယ်တော့..ငါ့ အလွမ်းဟာ..
ရင်ခွင်မဲ့အလွမ်းမို့..
တမ်းတသူမရှိမချင်း..
မျက်ရည်မြစ်နှစ်စင်းနဲ့အတူ..
စီဆင်းနေဆဲပါပဲကွယ်....။

ရတုသစ်

(16.6.2012...SAT...2:34 PM)


No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks