* မင်း အပြုံးလေးက..လှတယ်..
အနုအလှအပြုံးများကို..
သမုဒယ နှလုံးသားနဲ့..ခံစားမိတော့..
ငါ...ရူးပြီ..။
* မင်း အကြည့်လေးက.. မိုက်တယ်..
သမင်လည်ပြန် နောက်လှည့် အကြည့်..
ညှို့ချက်ပြင်းပြင်းနဲ့ ရင်ဘတ်မှာထိခဲ့တော့..
ငါ...ရူးပြီ..။
* မင်း စတိုင်လ် လေးက..မိတယ်..
အချိုးကျကျ စတိုင်လ် အလှ..
ငေးမောရင်း တမ်းတ မိတော့...
ငါ..ရူးပြီ..။
* မင်း အသံလေး က..ကဗျာဆန်တယ်..
နားဝင်ချိုတေးသွား တစ်ပုဒ်လို..
ရင်ခုန်စွာ နားဆင်မိတော့..
ငါ ..ရူးပြီ..။
* ရူးပြီ..ဘေဘီ ..
မင်းကြောင့်..ငါ ရူးရပြီ..
မင်းနဲ့ပတ်သက် သမျှ အရာအားလုံးကို
ရူးသွပ်စွာ..ငါ..ရင်ခုန်မိတော့..
ရင်မောခြင်းနဲ့ပဲ..၀ဲလည်ခတ်..
အဆုံးသတ်မှာတော့...ငါ..
ရူးပြီ..။
ရတုသစ်

No comments:
Post a Comment