Tuesday, August 21, 2012

...သို့...တောင်းပန်ခြင်း

နှုတ်မဆက်ကြေး
လွမ်းတေးမဆို
ရင်ပြိုမခံ
လွမ်းဒဏ်မခ
ရင်မှဖြူစင်
အကြင်နာများ
သူ...သိသွားခဲ့လေပြီလားကွယ်..။

ထာဝရပဲ
ရင်ထဲ သိမ်းဆည်း
မနီးပေမယ့်
ဝေးခဲ့ပါဘူး
မေ့ဘူးတကယ်
ရင်ဝယ် လှုပ်နှိုး
သူ...စိုးမိုးထားခဲ့ပြီလားကွယ်..။

မုသားချိုချို
မဆိုခဲ့ပါ..
မာယာ စကား
မများခဲ့ပါ..
ကြင်နာဖြူစင်
ယူငင်လှည့်ပါ
သူ...ပစ်ခွါမထားပါနဲ့ကွယ်..။

မလွမ်းရဲသူ
ရင်ပူစေရန်..
လွမ်းဒဏ် မျက်ရည်
ဝေ့သီ စေရန်..
လွမ်းသံစဉ်တေး
ဟစ်ကြွေးစေရန်..
သူ...မဖန်ဆင်းလိုက်ပါနဲ့ကွယ်..။

No comments:

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks