ရင်ခွင်ချင်းကြိုးမငြိတော့တဲ့
ငါတို့ရဲ့လက်ရှိဘ၀အတွက်
စွဲချက်တွေတစ်ပုံကြီးနဲ့
တုန်ဟီးသံမဲ့ရင်ဗလာတွေပွင့်ထွက်
ရက်ရက်စက်စက်မှားခဲ့ကြပေါ့..။
ရနံ့ပြယ်နေတဲ့လိပ်ပြာကိုယ်ငွေ့က
ဘယ်ဆီကိုရွေ့သွာခဲ့ပါလိမ့်..
ဘုံပျောက်နေတဲ့ဝိညာဉ်တစ်ကောင်ဟာ
ဆာလောင်မှုတွေနဲ့..ရစ်ပတ်ခံထားရမှန်း
အလွမ်းတွေထက်ပိုင်းကျိုးမှ
စိုးရွံ့စွာသိခဲ့ရတယ်..။
အဆိပ်ကိုအဆိပ်နဲ့ဖြေတဲ့သီအိုရီအတိုင်း..
ခုတ်ပိုင်းဖြတိတောက်ထားတဲ့အတိတ်အနွမ်းအတွက်
အလွမ်းကိုအလွမ်းနဲ့ပြန်ဖြေရင်း
မြစ်တစ်စင်းကအလိုလို..ခြောက်သွေ့ခဲ့ပြီ..။
တစ်မြေစီလဲ..မဝေးကွာခဲံ့..
တစ်နေရာစီလဲ..မခွဲခြားခဲ့..
တစ်ခြားစီလဲ..မထွက်ခွါခဲ့..
မျက်နှာချင်းဆိုင်ကမ်းခြေတစ်ခုမှာ..
လမ်းပျောက်သွားတဲ့ခြေရာတစ်စုံကို...
တုန်တုန်ယင်ယင်လိုက်ရှာနေခဲံ့တဲ့
ငါ့ရဲ့ဖော်မစုံအလွမ်းက
ရူးနှမ်းလွန်းခဲံ့ပေါ့...
ဒီလိုဖြစ်လာမယ်မှန်း..သိရင်..
ငါ..မငင်ခဲံ့ပါဘူး..မင်းကို..
အခုတော့..မင်းနဲ့ငါဟာ..
နီးနီးလေးနဲ့ဝေးနေတဲ့..
၃..နဲ့..၄..။
။။။။။။။။။။။ရတုသစ်။။။။

No comments:
Post a Comment