*ဟိုအရေး...ဒီအရေး
သူတို့အရေး...မင်းတို့အရေး..ငါတို့အရေး
အရေးပေါင်းများစွာ...အတွက်
အကြောင်းပြချက်များနဲ့...ထိုးနှက်..အော်ဟစ်..
ဘာတွေ...ဖြစ်လာပြီလဲ...
ဘာတွေ...ရလိုက်ပြီလဲ...။
*သစ္စာလေးပါး ၀ဲဂယက်ထဲမှာ...လည်ရင်း
မိုးမလင်းခဲ့တဲ့...သံသရာတွေ..များပြီ...။
*အခုထိ...
သူတို့..မင်းတို့..ငါတို့...
တောင်းဆိုမှုတွေ ခပ်များများ
ကြိုးစားမှုက...မှုန်ဝါးဝါး...။
*အလကားရလိမ့်မယ်...အထင်နဲ့
အော်ဟစ် မနေနဲ့...
အသံ၀င်မယ်...အာခေါင်ခြောက်မယ်...
ပရမတ္ထနယ်ဆီ...မချဉ်းကပ်နိုင်သေးသရွေ့...။
*ဒါဟာ...လောကီ ဘုံဓလေ့ပဲ
ငါကတော့.
ရေငုံ နှုတ်ပိတ်နေလိုက်မိတယ်...။
ရတုသစ်
(1/9/2012...2း00 pm)
No comments:
Post a Comment