Wednesday, August 29, 2012

မနက်ဖြန်တွေသာ...သီးပွင့်မလာကြ စတမ်း..ဆိုရင်...


*တေးသီချင်းများ...အရေးသီတင်းများ...
  အတင်းအဖျင်းများ...ငြင်းခုံထိုးနှက်ခြင်းများ...
  ခြင်းကြားနဲ့ဖားကောက်ခဲ့တဲ့...ဝေလီဝေလင်းများ...

*ဆွံ့အ ဆိတ်ငြိမ်..နှုတ်ခမ်းများ...
  အိပ်မွေ့ချ..ရေခဲစိမ်ခံရတဲ့..ဒေါသများ...

*ဖြစ်တည်မှု အချို့..အချို့..အတွက်
  ကိုယ်တိုင်..ရှို့မြှိုက်ခဲ့ရတဲ့...အချိန်ပြလက်တံများ...

*ပလက်ဖောင်းဘေးကို...မကြာ ခဏ
  ပြန်ပစ်ချနေမိတဲ့...စိတ်နယ်လွန်ခြေလှမ်းများ...

*နောင်တ ရ, ရကောင်းမှန်းမသိလောက်အောင်
  ဆွဲဆောင်ခြင်းခံခဲ့ရတဲ့...နောင်တများ...

*လျော့ရဲ ရင့်အိုလာတဲ့...သပြေညိုများ...
  ဟိုး..အဝေးဆီမှာ..မှိုင်းပျပျ..
  ခပ်ဟဟ လေးဖွင့်ထားတဲ့...အလင်းတံခါးချပ်များ...
  + ..- ..×..--ံ့..များ...
  ...........................များ...
  ............များ စွာ...
  ဘာသာဗေဒ တစ်ခု...တစ်ခုချင်းစီအတွက်
  ငါ့ မှတ်ဥာဏ်က မထုံတက်တေး...ငေးရီ..
  အရေးမကြီးဘူး...ထင်ပြီး..လွှတ်ချထားတဲ့..အတိတ်တချို့တလေက
  မံမီတွေလို...ပိရမစ်ထဲမှာ...အခိုင် အမာ
  ပုန်းအောင်းစရာမရှိမှတော့...အိမ်တွင်းပုန်းနေဖို့မလို
  လူပျိုလှည့်သလို...လမ်းဟောင်းများထဲ
  အသဲနှလုံးချနင်းလို့...ခေါက်တုံ့..ခေါက်ပြန်..
  အိမ်နံရံမှာချိတ်ထားတဲ့...ရွက်ဆုတ်ပြက္ခဒိန်လေးပဲ ပါးလာတယ်...။

*တရားရှာ..ကိုယ်မှာတွေ့မယ်ထင်ပြီး
  ကိုယ်မှာ ရှာရင်း..တရားမတွေ့ခဲ့သမျှ
  ငါ့..၀ိညာဉ်က အသိခေါက်ခက်..အ၀င်နက်ခဲ့ပေါ့...။

*တစ်ရက်တလီ.. တစ်ရက်
  စိတ်ချိုးရေတွက်ဆဲ..ငရဲခန်း ထ အပွက်..မှာ..
  ရုတ်တရက်...
  နားယဉ်စပြုနေတဲ့လေးညှို့သံက....
  ငါ့..ဦးခေါင်းတည့်တည့်ရောက်နေပြီ...။

*မနက်ဖြန်တွေသာ...သီးပွင့်မလာကြစတမ်း..ဆိုရင်..
  မက်မန်းဝိုင်..ချိုရှရှ တစ်ခွက်နဲ့...
  အရှက်ပြေရုံလေး...၀တ်ဆင်ပြီး...
  ပစ္စုပ္ပန်ကို..ခေါင်းမြီးခြုံအိပ်နေချင်တော့တယ်...။

***Yatu Thit***(29/8/2012...9:20 PM)

2 comments:

မိုးသူ(တောင်ကြီး) said...

ကဗျာတွေကို Facebook မှာလဲ ဖတ်ရတယ်

blog မှာဖတ်ရတော့ပိုအေးဆေးတာပေါ့

ကိုရတုသစ်ရေ ကဗျာမိတ်ဆွေတိုးပြန်ပြီပေါ့ဗျာ

မိုးသူ(တောင်ကြီး)

yatuthit said...

ဟုတ်ကဲ့...အခုလို အားပေးနေမယ့် ကဗျာမိတ်ဆွေတွေကို ကျနော့်ရင်ပြတင်းအမြဲဖွင့်လို့...
ကဗျာဝိညာဉ်ချင်းပူးပေါင်းနွေးထွေးနေပါရစေ...ဒါ..ကျနော့်ရဲ့ ရင်တွင်းဆန္ဒအစစ်ပါ
ကိုမိုးသူရေ....ကျေးဇူးကမ္ဘာ....

အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ

Free Backlinks