ပန်းဗေဒါ..
ရနံ့ဖြာ မဝေလဲ
ရေဇလာ ခြေရာထပ်အောင်
သွားတတ်သည်ပဲ ။
အဆင်းက ခရမ်းရောင်
ဆွဲဆောင်မှုရှိဆဲ ၊
လူ့ဘောင်ကို ပြက်ရယ် ဟား
တရားပြမြဲ ။
ဘာကိုမျှမမက်ပါ
မဖက်တွယ် ခွာဆဲ ၊
ဇလာပြင်ခေါ်ရာဆုံးသို့
ပြုံးလို့လိုက်ရဲ ၊
ရတုသစ်
(16/9/2012)
1 comment:
လွ၏ း)
Post a Comment