လွမ်းသူ့ဆီ၀ယ်..။ ။လွမ်းစိတ်တွယ်၍ ၊ လွမ်းရယ်လွမး်လှ ၊လွမ်းဒဏ် ခ မို့ ၊
လွမ်းကမပြေ ၊လွမ်းတွေေ၀လျက် ၊လွမ်းပြေမှန်းဆ ၊
လွမ်းမျှော်ရလည်း ၊လွမ်းရသူမှာ ၊လွမ်းနေတာကို ၊
လွမ်းစာလွှာပို့ ၊လွမ်းငွေ့စို့သော်..၊လွမ်းညို့လွမ်းေ၀ ၊
လွမ်းလွန်လေသည်....၊လွမ်းတွေရင်မှာ..ရင့်နေပြီ..။
နွမ်းလုပြီကွယ်..။ ။ချစ်အားငယ်၍ ၊ဖလှယ်တွေ့ခွင့် ၊မျှော်လင့်လင့်လည်း ၊
အရင့်ရင်လို ၊ ချိန်မပိုခဲ့ ၊တွေ့လိုစိ်တ်တွေ ၊
ဖြိုင်ဖြိုင်ေ၀လျက် ၊အခြေနေရ ၊မတွေ့ကြပြီ ၊
ရင်မှစကား ၊ပြောချင်ငြားလည်း ၊မကြားနိုင်ပေ ၊
ေ၀းလို့နေသည်.....၊နွမ်းခွေရင်မှာ..နင့်နေပြီ..။
ပန်းနုစီချယ်..။ ။ပန်းပင်လယ်တွင် ၊တုံ့လှယ်မွှေးကြူ ၊ချစ်ခွန်းမြှူ၍ ၊
ကလူကျီစယ် ၊နေချင်တယ်လို့ ၊စိတ်၀ယ်တွေးမိ ၊
မျှော်လင်ကြည့်လည်း ၊မရှိပါလေ ၊မောင့်သက်ေ၀က ၊
ေ၀းမြေ ရပ်မှာ ၊ေ၀းနေတာကြောင့် ၊မောင့်မှာဆွေးနေ ၊
လွမ်းမိုးစွေသည်......၊လွမ်းတွေရင်မှာ ပွင့်နေပြီ..။
ရတုသစ်
(22 / 9 /2012 ...9-25 PM)
1 comment:
ရတုရေ..နူးညံ့တဲ့ ကဗျာလှလှလေးအားပေးသွားတယ်နော်...အသုံးအနှုန်းလေးတွေကလှ ညက်ညောလှပါဘိ...အသစ်တင်တိုင်းတော့ ၀င်ပြီးမမန့်ဖြစ်ဘူးရတုရေ..
ရတုက နေ့တိုင်းလိုလို အသစ်တင်နေတော့ မိုးနတ်မှာ အလျင်မမှီဘူးဖြစ်နေတယ်...လည်စရာအိမ်လေးတွေကလဲ အများသားမဟုတ်လား...ဘာပဲဖြစ်ဖြစ် အသစ်တင်တိုင်းရောက်အောင်လာခဲ့ပါမယ်နော်
အားပေးလျက်ပါ..
ခင်မင်နေတဲ့..မိုးနတ်
Post a Comment