* တငွေ့ငွေ့လောင်ကျွမ်းပြီး
ဖွဲမီးလို လှိုက်ကာ..လှိုက်ကာ
သံသရာမဆုံးသရွေ့တောက်ခဲ့တဲ့ မီး
ထိန် ညီး ဖြာ ဝေ ဆဲပေါ့..။
* တစ်မာထည်း မာ လာတဲ့မာနများက
သွေးအား ကောင်းလာတဲ့ ဓားတစ်လက်လို
ဆွဲဖျက် ခုတ်ထစ်ရန် အဆင်သင့်..
ရင့်လာတာက အရိုးများသာ..
အသိလွှာက နုဆဲ..နုမြဲ..။
* ကျူကျူပါအောင်ငိုကြွေးခဲ့ရတဲ့
မျက်ရည်အခမ်းအနားတွေကလည်း
မြည်သံစွဲအလင်္ကာတစ်ခုလို မချိုမြိန်ခဲ့..
စီးတဲ့ရေအဖြစ် တစ်ဆင်းတည်းဆင်းတယ်..
ဆည်တဲ့ကန်သင်းမရှိမှတော့..မထိန်းနိုင်..မသိမ်းနိုင်..။
* ယိမ်းယိုင်လုလုနဲ့ အတ္တတစ်ခုသာအားပြုထားတဲ့သစ်ပင်ဆီိ
တစ်နွယ်ငင်အ၀ိဇ္ဇာကြောင့်တစ်စင်ပါလာတဲ့ အပူမ်ား
လောင်မြိုက်အားကောင်းခဲ့ကြပြီ..။
* တရားရှာ ကိုယ်မှာမတွေ့သမျှ
လောဘတွေလည်း..ချို..
ဒေါသတွေလည်း..ချို..
မောဟတွေလည်း..ချိုလာရဲ့..။
ငြှိမ်းသူမဲ့တဲ့မီးတောက်တွေကြောင့်
တစ်ကိုယ်ရေလောင်ကျွမ်းရင်း
စိမ်းလန်းခြင်းကင်းမဲ့တဲ့သစ်ပင်က
အဇ္ဈတ္တအခက်အလက်တွေကျွမ်းမြေ့ကျိုးကြေလာခဲ့ပေါ့
အ၀ိဇ္ဇာရေသောက်မြစ်ကို မဖြိုနိုင်သေးသရွေ့
ဒီသစ်ပင်ကတငွေ့ငွေ့နဲ့လောင်နေဦးမှာပဲလေ..။
ရတုသစ်
( 22/9 /2012)
2 comments:
တစ်နွယ်ငင်အ၀ိဇ္ဇာကြောင့်တစ်စင်ပါလာတဲ့ အပူများ
ကဗျာလေးတကယ့်ကိုကောင်းတယ်ဗျာ
အဓိပ္ပာယ်ရှိတဲ့ကဗျာလေးပဲ :D
Post a Comment