* လောကဓံလမ်း ၊မုန်တိုင်းကြမ်းက
ရမ်းရမ်းကားကား၊ ပြုမူသွားတယ်...
နုထွားကြွေကျ ...င့ါဘ၀ ။
* ၀န်းကျင်လုံးလုံး ၊ ၀ိုင်းရံဖုံးတဲ့
အမုန်းမျက်စိ ၊ ရက်စက်ကြည့်တွေ...
ခံမိနေရ... ငါ့ဘ၀ ။
* ဘာတွေလုပ်လုပ် ၊ သူတို့နှုတ်က
သွားပုပ်လေလွင့် ၊ မုန်းမာန်၀င့်ကာ ..
ခွန်းဆင့်ခံရ...ငါ့ဘ၀ ။
* သို့သော်လည်းပဲ ၊ ငါ့စိတ်ထဲမှာ
အမြဲလိုလို ၊ ရင်မှာသိုသိပ်
အံကိုကြိတ်လျက် ၊လူစိတ်မွေးဖွား
ခွင့်လွှတ်ထားကာ ၊ ပြေးသွားပါမည်...
ကြင်နာမှုတို့..ရှိရာဆီ...။
ရတုသစ်
2 comments:
ကွန်မန့်တွေကပေးပြီးပျောက်ပျောက်နေတယ်ရတုရေ
ကဗျာလေးကညှို့ငင်အားကောင်းတယ်
ဒီကဗျာလေးက တစ်မျိုးလေးနော်..ရတု..ခံစားလို့တော့ကောင်းသား...
ဆက်ရေးထား..အားပေးနေတယ်သိလား....
ခင်မင်နေတဲ့..မိုးနတ်
Post a Comment