Sunday, September 30, 2012
အမေထာဝရပြုံးနိုင်စေ..
*အမေပြုံးလျှင်...
  အာကာပြင်ဝယ် ၊ကြယ်စင်မလက်
  လမထွက်လည်း ၊ညဥ့်နက်မှောင်မဲ
  ဖြတ်ကျော်ရဲသည်...
*အမေပြုံးလျှင်...
  ဘ၀ပင်လယ် ၊ ကမ်းမြင်ဖို့ရေး
  ဘယ်လောက်ဝေးစေ ၊မနှေးကူးခတ်
  ကမ်းသို့်ကပ်မည်...
*အမေပြုံးလျှင်...
  ကမ္ဘာပြင်ရှိ ၊ အမြင်ဆိုးဝါး
  နေရာများလည်း ၊တအားလှပ
  တင့်တယ်ကြသည်...
*အမေပြုံးလျှင်...
  ပတ်ဝန်းကျင်က ၊မြင်မြင်သမျှ
  တိုက်ခိုက်ကြလည်း ၊တုပ မနေ
  ကျောခိုင်းနေမည်...
*အမေပြုံးလျှင်...
  အောင်ပွဲဆင်မည့် ၊ ပန်းဝင်နေရာ
  လွန်ဝေးကွာလည်း ၊ လှမ်းကာ ခဏ
  ယူနိုင်ရမည်...
*အမေပြုံးလျှင်...
  ဒီ မြေပြင်ထက် ၊ရွှေစင်  စိန် ခင်း
  ပေးဆက်နှင်းလည်း ၊အလျင်း မလို
  ငြင်းဆန်ဆိုမည်...
  ငါလိုချင်မိ ၊ အချိန်ရှိတိုင်း
  နုအိညံ့သက် ၊မေ့ ပါးထက်မှ
  စိတ်ထားမွန်မြတ် ၊ အပြုံးဓာတ်သာ
  လွှမ်းပတ် သိမ်းစု ၊ ရလိုမှုကို
  မြေထု  ရေထု ၊သက်သေပြုလျက် 
  မြတ်ဆုမွန်ချွေ ၊တောင်းဆုဝေမည်...
  အမေ..ထာဝရပြုံးနိုင်စေသောဝ် ..။
                      ရတုသစ်
1 comment:
Yoemyaykya said...
အမေကဗျာလေးက ကောင်းလိုက်တာရတုရေ။ ရတုရဲ့မေမေကတော့ ဒီကဗျာလေးကို အရမ်းနှစ်သက်မှာပဲ။
အမှတ်တရစကား ပန်းပွင့်ခြွေသံလေးများ
Free Backlinks