* သမိုင်းမှာ..
အရိုင်းသာထွက်လေတဲ့
ဖျက်မပြေခဲ့ အဖြစ်တွေ၊
အရိုင်းသာထွက်လေတဲ့
ဖျက်မပြေခဲ့ အဖြစ်တွေ၊
စံနစ်ဗွေလှစ်ခြွေပြောရတော့
အောချဖွယ်ပေ ။
ဖြေမပြေ ..
မျက်ရည်မိုးထစ်ချုန်း၊
ဘုန်းဘုရားရယ်တို့
နှလုံးသားဝယ်သွေးရည်ဆိုးတယ်
(9)လ မိုက်ဖုံး ။
* နည်းလမ်းစုံ..
မှီးငြမ်းစုံ ဖျက်ရှာလဲ
ပျက်ပါဘူး ရာဇဝင် ၊
ထာဝစဉ် နှစ်လည်တိုင်းမှာ
ရိုင်းတဲ့ သဘင် ။
ရွှေဘဝင်..
ဖြေမရွှင် စဉ်မြဲ
ရင်ကွဲဖွယ်ပေမို့
ရင်ထဲဝယ်မေ့နိုင်ဘူးကွယ်
ဆူးလို့ ဝင်ဆဲ ။
* ရှင်အာဏာ..
စဉ်ဗာလာ ကန်းမိုက်ရဲ့
ရမ်းလိုက်တဲ့ ကံကြွေးရယ် ၊
ပြန်ပေးဖွယ် ယမမင်း သို့
ရှင်းဖို့ပါကွယ် ။
မငြင်းသာ...
အရှင်းပါ သည်မှတ်တမ်း ၊
ဇာတ်လမ်းမှန်တွေမို့
ဖြတ်သန်းဖွယ် အောက်ငရဲက
မြဲမလွတ်လမ်း ။
(18 /9 /2012 ..သို့)
ရတုသစ်
( 16/9/201)
(ဝန်ခံချက်)မရေးတတ်/ရေးတတ် ရေးလိုက်မိသော
လေးဆစ် (အသေးစားလေး )ဖြစ်ပါသည် ။
သည်းခံပြီး ဖတ်စေလိုပါကြောင်း ၊။
အောချဖွယ်ပေ ။
ဖြေမပြေ ..
မျက်ရည်မိုးထစ်ချုန်း၊
ဘုန်းဘုရားရယ်တို့
နှလုံးသားဝယ်သွေးရည်ဆိုးတယ်
(9)လ မိုက်ဖုံး ။
* နည်းလမ်းစုံ..
မှီးငြမ်းစုံ ဖျက်ရှာလဲ
ပျက်ပါဘူး ရာဇဝင် ၊
ထာဝစဉ် နှစ်လည်တိုင်းမှာ
ရိုင်းတဲ့ သဘင် ။
ရွှေဘဝင်..
ဖြေမရွှင် စဉ်မြဲ
ရင်ကွဲဖွယ်ပေမို့
ရင်ထဲဝယ်မေ့နိုင်ဘူးကွယ်
ဆူးလို့ ဝင်ဆဲ ။
* ရှင်အာဏာ..
စဉ်ဗာလာ ကန်းမိုက်ရဲ့
ရမ်းလိုက်တဲ့ ကံကြွေးရယ် ၊
ပြန်ပေးဖွယ် ယမမင်း သို့
ရှင်းဖို့ပါကွယ် ။
မငြင်းသာ...
အရှင်းပါ သည်မှတ်တမ်း ၊
ဇာတ်လမ်းမှန်တွေမို့
ဖြတ်သန်းဖွယ် အောက်ငရဲက
မြဲမလွတ်လမ်း ။
(18 /9 /2012 ..သို့)
ရတုသစ်
( 16/9/201)
(ဝန်ခံချက်)မရေးတတ်/ရေးတတ် ရေးလိုက်မိသော
လေးဆစ် (အသေးစားလေး )ဖြစ်ပါသည် ။
သည်းခံပြီး ဖတ်စေလိုပါကြောင်း ၊။
No comments:
Post a Comment